ဥရောပအကြီးဆုံးဘဏ် HSBC အစုရှယ်ယာဈေး ကျဆင်း

ဥရောပအကြီးဆုံး ဘဏ်ကြီးဖြစ်တဲ့ HSBC ဘဏ်အစုရှယ်ယာဈေးတွေ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ၄ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပြီး ရှေ့လျှောက် ဘဏ္ဍာရေး၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ HSBC က ၂၂ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် နောက်ဆုံး ၃ လပတ်အတွင်း HSBC ဘဏ်ဟာ မမျှော်လင့်ဘဲ အရှုံးပေါ်ခဲ့ပြီး ၂၀၁၄ နောက်ဆုံး ၃ လပတ်နဲ့စာရင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အရှုံးပေါ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ တနှစ်တာလုံး အခွန်မနုတ်ခင် အမြတ်ဟာလည်း ၁ ရာခိုင်နှုန်းပဲရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၉ ဘီလီယံပဲ ရရှိခဲ့တာပါ။ အဲ့ဒီအမြတ်ရဲ့ ၈၃ ရာခိုင်နှုန်းကျော်ဟာ အာရှနိုင်ငံတွေက ရရှိတာပါ။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ စီးပွားတိုးတက်မှုနှုန်း တုံ့နှေးသွားတာဟာ တကမ္ဘာလုံးရဲ့ စီးပွားရေးကိုပါ ရိုက်ခတ်မှာဖြစ်ပြီး ရှေ့လာမယ့် ကာလတွေမှာ ဘဏ်အနေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်လို့ HSBC ဘဏ်ဥက္ကဋ္ဌ ဒေါက်ကလပ်စ် ဖလင့် (Douglas Flint) က ပြောပါတယ်။ တရုတ်စီးပွားရေးဟာ တဆင့်မြှင့် အသွင်ကူးပြောင်းရေးကာလ ဖြတ်သန်းနေပြီး ကမ္ဘာ့စီးပွားရေး တိုးတက်လာဖို့ တရုတ်စီးပွားရေးက အဓိကတွန်းအားလို့ ယုံကြည်ကြောင်း ဒေါက်ကလပ်စ် ဖလင့်က ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up