ပိုင်နက်ကျူးကျော်ငါးဖမ်းလှေများကို အင်ဒိုနီးရှားဗုံးခွဲနှိမ်နင်း

ဓာတ်ပုံ - khaosod
အင်ဒိုနီးရှားနိုင်ငံက သူ့ရေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ အိမ်နီးချင်းနိုင်ငံတွေက ငါးဖမ်းလှေတွေကို ဗုံးခွဲနှိမ်နှင်းခဲ့တယ်လို့  ခေါဝ်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်က  နှိမ်နင်းခဲ့တဲ့ ငါးဖမ်းလှေ စုစုပေါင်း ၂၇ စီးရှိပြီး  မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံက လှေတွေအပြင် အင်ဒိုနီးရှားနိုင်ငံကတရားမ ၀င်ငါးဖမ်းလှေတွေပါ ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ သူတို့နိုင်ငံရဲ့ ရေပိုင်နက်လုံခြုံရေးအတွက် ဥပဒေအရဆောင်ရွက်ရတာလို့ အင်ဒိုနီးရှား  ပင်လယ်ရေကြောင်းနဲ့ ငါးဖမ်းလုပ်ငန်းဝန်ကြီး ဆူစီပတ်ဂျီယာတူတီက သတင်းထောက် တွေကို ပြောပါတယ်။ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုကလည်း   အခုလို တရားမ၀င်ငါးဖမ်းလှေတွေကို ဗုံးနဲ့ နှိမ်နင်းခြင်း အားဖြင့် အိမ်နီးချင်းနိုင်ငံများနဲ့ တင်းမာမှုရှိနိုင်ပေမယ့်လည်း တရားမ၀င်ငါး ဖမ်းလှေတွေကြောင့် သူတို့နိုင်ငံရဲ့ သယံဇာတအရင်းအမြစ်တွေဟာ တစ်နှစ်ကို ဒေါ်လာသန်းပေါင်းထောင်နဲ့ချီ နစ်နာမှုရှိနေတယ်လို့ ပြောတဲ့အကြောင်း  သတင်းမှာရေးပါတယ်။

More News
Up