နည်းပြအလုပ် ပြန်လုပ်မည်ဟု ဘရန်ဒန် ရော်ဂျာစ် ပြော

ဓာတ်ပုံ - ရိုက်တာ
လီဗာပူးနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာစ်က လာမယ့် နွေရာသီမှာ နည်းပြအလုပ်ကို ပြန်လုပ်မှာဖြစ်ကြောင်း ပြောပါတယ်။ အသက် ၄၂ နှစ်အရွယ် အင်္ဂလိပ်လူမျိုး နည်းပြဟာ လောလောဆယ်မှာ အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ်က မဟုတ်တဲ့ တခြားနိုင်ငံက ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားတယ်လို့လည်း နည်းပြ ရော်ဂျာစ်က ပြောပါတယ်။ သူဟာ လီဗာပူးမှာ ၃ နှစ်ခွဲကြာ နည်းပြလုပ်ခဲ့ပြီး ရလဒ်တွေမကောင်းလို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ အထုတ်ခံထားရပါတယ်။ နည်းပြ ရော်ဂျာစ်ဟာ ဒီနှစ်ဘောလုံးရာသီအစ လီဗာပူးကို ကိုင်တွယ်တဲ့ ၁၁ ပွဲမှာ ၄ ပွဲပဲ အနိုင်ရလို့ အထုတ်ခံရတာ ဖြစ်ပါတယ်။

More News
Up