အယ်နီညိုကြောင့် ရာသီဥတုဆိုးရွားလာမှုအပေါ် ပြည်ခိုင်ဖြိုးအမတ် အရေးကြီးအဆိုတင်

902
လက်ရှိ မြန်မာနိုင်ငံမှာ ကျရောက်နေတဲ့ အယ်နီညို ဖြစ်စဉ်ကြောင့် ရာသီဥတုဆိုးရွားမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ ပူးဆောင်ရွက်မှုများ ဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို မိတ္ထီလာကိုယ်စားလှယ် ဒေါက်တာမောင်သင်းမှ တင်သွင်းခဲ့ပါတယ်။
ဒါ့အပြင်နေပြည်တော် လွှတ်တော်အဆောက်အအုံမှာ ကျင်းပနေတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီနဲ့ ပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ၃ ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။
အခုဖွဲ့စည်းလိုက်တဲ့ကော်မတီ ၃ ရပ်သက်တမ်းဟာ စတင်ဖွဲ့စည်းတဲ့နေ့မှစပြီး တစ်နှစ် သတ်မှတ်ထားပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းတွေက ကျင့်သုံးနေတဲ့ ဥပဒေတွေကို လေ့လာပြီးပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းဖို့ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမှာလည်း ဖြစ်ပါတယ်။
အဲ့ဒီနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ၂ ရပ် ဖွဲ့စည်းရေး အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အမည်စာရင်းတွေကို ကြေညာခဲ့ပါတယ်။