ချောက်ကမ်းပါးစွန်းမှာ သက်စွန့်ဆံဖျား ဓာတ်ပုံရိုက်ခံခဲ့သည့် အမျိုးသမီး (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်ထဲမှာ ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးတဦးဟာ အသက်နဲ့ လောင်းကြေးထပ်ကာ ချောက်ကမ်းပါးစွန်းမှာ ထိုင်ပြီး ဓာတ်ပုံရိုက်ခံခဲ့တယ်လို့ တယ်လီဂရပ်ဖ်သတင်းမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ဖော်ပြပါတယ်။ သူဟာ ကော်လိုရာဒိုမြစ်ပေါ်က မြင်းခွာကွေးပုံ ချောက်ကမ်းပါးစွန်းဆီ လမ်းလျှောက်သွားခဲ့ပြီး ထိုင်ချခဲ့ကာ ဓာတ်ပုံအရိုက်ခံခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ သူရှိနေတဲ့ ချောက်ကမ်းပါးအစွန်းဟာ သတိလက်လွတ် ခြေတချက်ချော်ကျလိုက်တာနဲ့ အသက်ပါ ဆုံးရှုံးသွားနိုင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ကို အွန်လိုင်းပေါ်မှာ တင်ခဲ့သူက “အဲဒီနေရာမှာက အောက်ခြေရှုခင်းတွေဆီ ကြည့်ရှုနိုင်ဖို့ ကာထားတဲ့ စည်းရိုးရော အစောင့်အကြပ်တွေပါ မရှိတော့ လူတွေက အဲဒီရှုခင်းတွေကို ခံစားနိုင်တယ်။ လူတွေအနေနဲ့ မြစ်ရဲ့အထက် ပေပေါင်း ၁၀၀၀ ကျော် အမြင့်ရှိတဲ့ ချောက်ကမ်းပါးစွန်းဆီ သွားထိုင်နိုင်တယ်။ ဓာတ်ပုံတွေရိုက်နိုင်တယ်” လို့ ရေးခဲ့တာပါ။ “ဒါပေမယ့် ဒါဟာ စွန့်စားလွန်းရာ ရောက်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ခြေတချက် ချော်အကျဟာ သေခြင်းတရားဆီ ရောက်သွားနိုင်လို့ပါပဲ။ အရင်တုန်းကလည်း ချောက်ကမ်းပါးစွန်းက ခြေချော်ကျပြီး လူတွေသေခဲ့ဖူးတယ်။ ပုံကောင်းတပုံရဖို့အတွက် ခင်ဗျားဆိုရင် ကိုယ့်အသက်ကို စွန့်ပြီး ရိုက်မလား” လို့လည်း အဲဒီရုပ်သံဖိုင်ကို အွန်လိုင်းပေါ်တင်ခဲ့သူက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up