မန်စီးတီးကို ဂိုးပြတ်နိုင်ပြီး ချဲလ်ဆီး အက်ဖ်အေဖလား နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၂၁ ရက်ညက ယှဉ်ပြိုင်သွားတဲ့ အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်မှာ ချဲလ်ဆီးက မန်စီးတီးကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးက ပွဲမစခင်ကတည်းက နည်းပြပြောတဲ့အတိုင်းပဲ ချန်ပီယံလိဂ်ကို ဦးစားပေးတဲ့အတွက် ဒီပွဲမှာ အရန်ကစားသမား အများစုကို ထုတ်သုံးသွားပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို ၃၅ မိနစ်မှာ ကော်စတာက သွင်းယူပါတယ်။ ချဲလ်ဆီး ဦးဆောင်ဂိုးသွင်းယူပြီး ၂ မိနစ်အကြာမှာပဲ မန်စီးတီးက ချေပဂိုး ပြန်ရသွားပါတယ်။ အိမ်ရှင် ချဲလ်ဆီးအတွက် ဒုတိယဂိုးကို ၄၈ မိနစ်မှာ ၀ီလျံစ်၊ တတိယဂိုးကို ၅၃ မိနစ်မှာ ကာဟေးက သွင်းယူပါတယ်။ ပွဲချိန်အတော်များများ ချဲလ်ဆီးကပဲ တဘက်သတ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ကန်သွင်းခွင့် ၁၉ ကြိမ်အထိ ရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် စတုတ္ထဂိုးကို ၆၇ မိနစ်မှာ ဟာဇက်နဲ့ အပိတ်ဂိုးကို ၈၉ မိနစ်မှာ ထရာအိုနီက သွင်းယူပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ချဲလ်ဆီးကွင်းလယ်ကစားသမား ဟာဇက်က သတ်မှတ်ခြင်း ခံရပါတယ်။ ဒီပွဲနိုင်တဲ့ ချဲလ်ဆီးက အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ အဲဗာတန်နဲ့ ဆုံတွေ့ရမှာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up