Home
မြန်မာသတင်း
အန္အယ္လ္ဒီမူအရ အစိုးရပိုင္မီဒီယာ မရွိရဟုဆို
ရွှေအောင်
·
February 21, 2016
အန်အယ်လ်ဒီမူအရ အစိုးရပိုင်မီဒီယာဆိုတာ မရှိရဘူးဆိုပေမယ့် ချက်ချင်းလည်း ဖျက်ပစ်လို့ မရကြောင်း ပါတီရဲ့ ဒီလှိုင်းစာစောင်တာဝန်ခံအယ်ဒီတာ မုံရွာအောင်ရှင်က ပြောပါတယ်။ မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှုအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ သူ့ကို ပွဲတက်လာကြသူအများစုက နိုင်ငံပိုင်မီဒီယာတွေအရေးနဲ့ ပတ်သက်လို့ အများဆုံးမေးခွန်း ထုတ်ခဲ့ကြပြီး သူကလည်း အခုလို ဖြေကြားခဲ့တယ်လို့ ပြောပါတယ်။ “အန်အယ်လ်ဒီရဲ့ မူအရတော့ အစိုးရပိုင်သတင်းစာလည်း မရှိရဘူး၊ အစိုးရပိုင်မီဒီယာဆိုတာလည်း မရှိရဘူး၊ ဒါပေမယ့် ချက်ချင်းလည်း ဖျက်ပစ်လို့ မရဘူးဗျ၊ ချက်ချင်းဖျက်ပစ်လို့ မရတဲ့အကြောင်းက ၀န်ထမ်းကိစ္စတွေရှိတယ်၊ အခြေခံအဆောက်အဦကိစ္စတွေ ရှိတယ်၊ ပိုင်ဆိုင်မှုတွေရှိတယ်၊ ဒါတွေကို ကျနော်တို့က ချင်ချင်း ပြောင်းပစ်လို့ မရဘူး။” အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲနိုင်ပြီးနောက်ပိုင်း ဒီနေ့ ရန်ကုန်မှာလုပ်ခဲ့တဲ့ မီဒီယာဖွံ့ဖြိုးရေးဆွေးနွေးပွဲအပါအ၀င် ဆွေးနွေးပွဲအတော်များများမှာ အန်အယ်လ်ဒီကို နေရာပေးဆွေးနွေးစေတာ တွေ့လာရတယ်လို့လည်း သူက ပြောပါတယ်။ မြန်မာစာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်ကတော့ နိုင်ငံပိုင်မီဒီယာတွေကို လွတ်လပ်တဲ့ အများပိုင်ကုန်မဏီတွေအဖြစ် ပြောင်းသင့်တယ်လို့ မှတ်ချက်ပေးပါတယ်။ “လွတ်လပ်တဲ့အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းသင့်တယ်လို့ ထင်တယ်၊ လောလောဆယ်ရှိတဲ့ ၀န်ထမ်းအင်အား ၆ ထောင် ၇ ထောင်နဲ့ နိုင်ငံတော်ဘက်ဂျက်တွေ သုံးပြီးတော့ အစိုးရရဲ့ ၀ါဒဖြန့်ချိရေးလို ပုံစံမျိုးကတော့ ပြည်သူ့ဘဏ္ဍာ အလဟဿ     မဖြစ်သင့်ဘူးလို့ မြင်တယ်။” နိုင်ငံပိုင်မီဒီယာကို ချက်ချင်းပြောင်းလဲဖို့ မဖြစ်နိုင်ပေမယ့် ၁ နှစ် ၂ နှစ်လောက်အတွင်း ပြောင်းပစ်လို့ ရပါတယ်လို့လည်း ပြောပါတယ်။ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီနိုင်ငံမှာ အစိုးရပိုင်မီဒီယာဆိုတာ မရှိသင့်ဘူးလို့ အာအက်ဖ်အေရေဒီယိုကို ထုတ်ပြောဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024