Home
မြန်မာသတင်း
လှိုင်သာယာတွင် မိုင်းအတုထားမှု ဖြစ်ပွား
DVB
·
February 21, 2016
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက ဒေသခံပြည်သူ အထိတ်တလန့်ဖြစ်အောင် ဗုံးအတု ထားရှိမှုတခုဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက လှိုင်သာယာမြို့နယ်၊ (၁၁)ရပ်ကွက်၊ အနော်ရထာလမ်းမဘေးရှိ အုတ်၊ သဲ၊ ကျောက် ရောင်းဝယ်ရေးဆိုင်ရှေ့မှာ မိုင်းပုံသဏ္ဌာန်လို့ယူဆရတဲ့ ကိရိယာတခုတွေ့လို့ ရဲနဲ့ စစ်အင်ဂျင်နီယာတပ်က သွားရောက်စစ်ဆေးခဲ့ပါတယ်။ မိုင်းနဲ့ ပုံစံတူပြုလုပ်ထားတဲ့  အရှည် ၁ ပေ၊ လုံးပတ် ၄ လက်မခွဲခန့်၊ အချင်း ၁.၂၅ လက်မခန့်ရှိ စက္ကူပိုက်သာဖြစ်ပြီး ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းမဟုတ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေဖို့ ဗုံးအတုပြုလုပ်ခြင်းသာ ဖြစ်ပြီး  ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုမရှိကြစေရန် အသိပေးဖော်ပြအပ်ပါတယ်လို့ ရန်ကုန်ရဲအင်တာနက်စာမျက်နှာမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ - Yangon Police  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024