အမေရိကန် လေကြောင်းထိုးစစ်ကြောင့် စစ်သွေးကြွ ၄၀ ကျော် သေဆုံး

1.7K
လစ်ဗျား အနောက်ပိုင်းဒေသမှာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က အမေရိကန်လေတပ်ရဲ့ ထိုးစစ်အတွင်း အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွ ၄၀ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ကြေညာပါတယ်၊
စစ်သွေးကြွအဖွဲ့ဟာ မနှစ်တုန်းက တူနီးရှားကို နှစ်ကြိမ် တိုက်ခိုက်ခဲ့တဲ့ အဖွဲ့နဲ့ ဆက်နွှယ်နေနိုင်တယ်လို့လည်း ပင်တဂွန်က သံသယ ရှိနေပါတယ်။
အမေရိကန်ရဲ့ အခုလေကြောင်း စစ်ဆင်ရေးဟာ လစ်ဗျား မြေပေါ်မှာ အိုင်အက်စ်အဖွဲ့ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေထဲက သုံးလအတွင်း ဒုတိယ မြောက်ဖြစ်ပါတယ်။
စစ်သွေးကြွအဖွဲ့ရဲ့ စခန်းတွေ ဖျက်ဆီးနိုင်ခဲ့သလို၊ စစ်ရေး အတွေ့အကြုံများတဲ့ ခေါင်းဆောင်တယောက်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့တဲ့အတွက် လစ်ဗျားမြေပေါ်မှာ အိုင်အက်အဖွဲ့ရဲ့ လှုပ်ရှားမှုတွေအပေါ် မကြာခင် သက်ရောက်လာမယ်လို့ ပင်တဂွန်က ပြောပါတယ်။