တောင်ကိုရီးယားတွင် ထိုင်းပြည့်တန်ဆာ ၄၈ ဦး ဖမ်းမိ

Krissana
ဖေဖော်ဝါရီ ၁၈ ရက်က ပြည့်တန်ဆာတွေကို နှိမ်နင်းတဲ့အနေနဲ့ တောင်ကိုရီးယားရဲတပ်ဖွဲ့တွေက ထိုင်းပြည်တန်ဆာ ၄၈ ဦးနဲ့ ပွဲစား ၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးရမိတဲ့သူ ၄၈ ဦးအနက် ၁၂ ဦးကို နယ်နှင်ဒဏ်ပေးခဲ့ပြီးဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ လက်ထောက်ပြောခွင့်ရ Krissana က ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တောင်ကိုရီးယား ရဲတပ်ဖွဲ့နဲ့ အသေးစိတ်သိရှိရဖို့ အတွက် ပူးပေါင်း ဆောင်ရွက်နေသလို အမျိုးသမီးတွေကို ကူညီဖို့ နည်းလမ်းရှာနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဆိုးလ်၊ ချောင်ချွန်းတွေမှာ ပြည်တန်ဆာပွဲစားတွေကို ဖမ်းဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။ ပွဲစားတွေက ထိုင်းနဲ့ နိုင်ငံခြားသားတွေ ဖြစ်ကြပါတယ်။ အရင်နှစ်လက စပြီး ထိုင်းအမျိုးသမီး ၂၀၀ ကို ပြည့်တန်ဆာမှုနဲ့ တရားမ၀င်နေထိုင်မှုနဲ့ ဖမ်းဆီးခဲ့သလို ဒီအထဲက ၄၀ ဦးကတော့ လိင်ပြောင်းထားတဲ့သူတွေ ဖြစ်တယ်လို့ တောင်ကိုရီးယားသတင်းတွေက ဖော်ပြပါတယ်။ ဒီအမျိုးသမီးတွေက ခရီးသွားအနေနဲ့ တောင်ကိုရီးယားကို ၀င်ရောက်လာပြီး ပွဲစားတွေက အနှိပ်ခန်း အလှပြင်ခန်းမှာ အလုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် နောက်ပိုင်းမှာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်စေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံသားတွေက တောင်ကိုရီးယားကို ဗီဇာမလိုဘဲ သွားရောက်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up