ရာသီမကုန်ခင် အသင်းကို တာဝန်ယူပေးရန် မော်ရင်ဟိုထံ မန်ယူ ဆက်သွယ်

Football Soccer - Maccabi Tel Aviv v Chelsea - UEFA Champions League Group Stage - Group G - Sammy Ofer Stadium, Haifa, Israel - 24/11/15 Chelsea manager Jose Mourinho before the match Action Images via Reuters / John Sibley Livepic
ရာသီမကုန်ခင် အသင်းကို တာဝန်ယူပေးဖို့ မော်ရင်ဟိုကို အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက်အသင်း ဒုဥက္ကဋ္ဌက ဆက်သွယ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက ဒုဥက္ကဋ္ဌ အက်ဝပ်ဝဒ်က မော်ရင်ဟို ကိုယ်စားလှယ်တွေကို ဆက်သွယ်ခဲ့တာလို့ ဗြိတိန် ဒေးလီးမေးရား သတင်းက ရေးပါတယ်။ ဗန်ဂါးကို ထုတ်ပစ်ဖို့အတွက် ချီတုံချတုံနဲ့ ဆုံးဖြတ်ချက် မချနိုင်တဲ့ အက်ဝပ်ဝဒ်ကိုလည်း  ကလပ်အသင်း အမှုဆောင်တွေက ဝေဖန်နေပါတယ်။ အစောပိုင်းက ဗန်ဂါးကို ရာသီကုန်အထိ မန်ယူကို ကိုင်တွယ်ခွင့်ပေးဖို့ ဆန္ဒရှိခဲ့ပေမယ့်ယူရိုပါလိဂ်နဲ့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်က ဆန်းဒါးလန်းကို ရှုံးနိမ်မှုတွေက ဗန်ဂါး အပေါ် ပိုမို ဖိအားတွေ ဖြစ်လာစေပါတယ်။ 1778259-37562530-2560-1440ပရိသတ်တွေနဲ့ အသင်းပိုင်ရှင်တွေက နည်းပြ ဗန်ဂါးရဲ့ နည်းစနစ်အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးလာပါတယ်။ မော်ရင်ဟိုကို အီတလီစီးရီးအေ အင်တာမီလန်က ချိတ်ဆက်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတဲ့အတွက် မန်ယူကလည်း မော်ရင်ဟိုကို အရခေါ်ယူဖို့ လှုပ်လှုပ် ရှားရှား ဖြစ်လာတာ ဖြစ်ပါတယ်။ ကလပ်အသင်းတွေကို ရှာဖွေနေတာ မဟုတ်ဘဲ ကလပ်အသင်းကသာ သူ့ကို ရှာနေကြောင်းနဲ့ လာမယ့်ရာသီ အင်တာမီလန်ကို သွားမှာမဟုတ်ဘူးလို့ မော်ရင်ဟိုက ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up