ရထားလမ်းကူးရင်း အသက်ဘေးက သီသီလွတ်ခဲ့ရသူ (ရုပ်သံ)

သြစတြေးလျနိုင်ငံ ဘူတာရုံတခုမှာ သံလမ်းကို ဖြတ်ကူးတဲ့ လူတဦးက အသက်ဘေးကနေ သီသီလေး ကင်းလွတ်ခဲ့ပါတယ်။ တဖက်လူသွားစင်္ကြန်ကနေ တခြားတဖက် လူသွားစင်္ကြန်ကို ကူးရာမှာ သတ်မှတ်ထားတဲ့ နေရာကနေ မကူးဘဲ ရထားလမ်းကို ဖြတ်ကူးခဲ့တာ ဖြစ်ပါတယ်။ ရထားလမ်းက ၂ လမ်းရှိရာမှာ တဖက်လမ်းက ရထားထွက်ခွာသွားတဲ့ အတွက် တခြားတဖက်ကို ကူးရာမှာ တခြားတဖက်က ရထားက မထင်မှတ်ပဲ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါကို မြင့်တွေ့ပြီး ရှောင်တိမ်းနိုင်တဲ့ အတွက် အသက်ဘေးကနေ ကင်းလွှတ်ခွင့်ရရှိသွားပါတယ်။ ဒီဖြစ်ရပ်ကို လုံခြုံရေး စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ ကင်မရာကနေ ရိုက်ကူးထားပြီး ဖေဖော်ဝါရီ ၁၉ ရက်မှာ အင်တာနက် ယူကျူပေါ် တင်ခဲ့တာ ဖြစ်ပါတယ်။ ရထားလမ်းပေါ် စည်းကမ်းမဲ့ ဖြတ်ကူးသူကို အရေးယူမယူကတော့ မသိရသေးပါဘူး။

More News
Up