ရမ္မက်ကြွစေသည့် ဖက်ရှင်ကြောင့် ထိုင်းတေးသံရှင် ဝေဖန်ခံရ

ရမ္မက်ကိုနှိုးဆွတဲ့ ဖက်ရှင်တွေ ၀တ်ပြီး သီချင်းဆိုတဲ့ ထိုင်းအမျိုးသမီးအဆိုတော်ကို ပရိသတ်တွေ လူမှုရေးကွန်ရက်မှာ ဝေဖန်နေကြပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသက အီဆန်ရိုးရာ သီချင်းတွေနဲ့ အနုပညာ လောကထဲကို ၀င်လာတဲ့ အဆိုတော် လမ်းယိုင်း ဟိုင်ထောင်းန်ခမ်းရဲ့ ရဲတင်းတဲ့ ၀တ်စားဆင်ယင်မှုကို ဝေဖန်နေတာ ဖြစ်ပါတယ်။ ရိုးရာတေးသီချင်းတွေကို မြူးကြွတဲ့ ခေတ်ပေါ် ဂီတနဲ့ တွဲဆိုပြီး အသက် ၁၈ နှစ်နဲ့ အထက်သာ သင့်တော်တဲ့ အကတွေနဲ့ ကပြခဲ့တာ ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up