ကောင်ကင်ကြိုးတွင် တွဲလွဲကျနေသည့် ကလေးကို ကယ်တင် (ရုပ်သံ)

ကနေဒါနိုင်ငံ ဗင်ကူးဗား မြောက်ဘက်က စကိတ်အပန်းဖြေစခန်းတခုမှာ ပေ ၃၀ ကျော် ကောင်းကင်ကြိုးပေါ်ကနေ တွဲလွဲကျနေတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်တဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။ ကောင်းကင်ကြိုးနဲ့ သွားနေစဉ်မှာ ထရိုင်စတန်လို့ အမည်ရတဲ့ ကလေးငယ်က ပြုတ်ကျသွားတဲ့ စကိတ်တံကို ဖမ်းဖို့ ကြိုးစားခဲ့ရာကနေ ခြေချော်ပြီး ကောင်းကင်ကြိုးပေါ်မှာ တွဲလောင်းကျနေပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ သူချော်ကျတဲ့နေရာက ကောင်းကင်ကြိုးတွေကို လှည့်ပတ်မောင်းနှင်နေတဲ့နေရာနဲ့ မဝေးတဲ့အတွက် မောင်းနှင်သူတွေက ကောင်းကင်ကြိုးကို ရပ်တန့်လိုက်ပါတယ်။ ဒီနောက် အကူအညီခေါ်ယူခဲ့ရာမှာ ကယ်ဆယ်ရေးသမားတွေ ရောက်လာပါတယ်။ ၆ မိနစ်နီးပါး တွဲလွဲခိုနေတဲ့ ထရိုင်စတန်ကို တစုံတရာ ထိခိုက်မှုမရှိစေဘဲ ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

More News
Up