Home
မြန်မာသတင်း
ပညာရေးမြှင့်တင်မှုကော်မတီအပါအ၀င် ကော်မတီ ၃ ရပ် ပြည်သူ့လွှတ်တော် ဖွဲ့စည်း
DVB
·
February 19, 2016
ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ကော်မတီ ၃ ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ ပညာရေးမြှင့်တင်မှုကော်မတီ၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးလက်လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနဲ့ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ စတဲ့ ကော်မတီ ၃ ခုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးစီနဲ့ ဖွဲ့စည်းလိုက်တာပါ။ ပညာရေးမြှင့်တင်မှုကော်မတီကို ဥက္ကဋ္ဌအဖြစ် ကျောက်ဆည် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်အောင် ဖြစ်ပြီး စိုက်ပျိုးရေး မွေးမြူရေးနှင့် ကျေးလက်လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီကိုတော့ ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရန်လင်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ ဥက္ကဋ္ဌအဖြစ် လှိုင်သာယာမဲဆန္ဒနယ်က ဒေါက်တာသန်းမြင့် တို့ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ကော်မတီ ၃ ရပ်လုံးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးစီနဲ့ အသီးသီးဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ကော်မတီ ၃ ခုကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထုတ် ပြည်သူ့လွှတ်တော်ရုံးက ထုတ်ပြန်တဲ့ အမိန့်ကြေညာစာမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024