ရွှေတောင်တွင် ယာဉ်နှစ်စီး တိုက်မိ၊ ၇ ဦး သေဆုံး (ဓာတ်ပုံ)
DVB
·
February 18, 2016
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်ထဲမှာ ယာဉ်နှစ်စီး တိုက်မိလို့ လူ ၇ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၂ နာရီလောက်က ရွှေတောင်မြို့ကနေ ရန်ကုန်ဘက်အထွက် ၀ါးလည်ကျေးရွာ၊ မိုင်တိုင်အမှတ် (၁၆၇/၀)(၁၆၇/၁) အကြားမှာ ရွှေတောင်ဘက်ကလာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ရန်ကုန်ဘက်ကလာတဲ့ Exepress ကားတစီးတို့ တိုက်မိပြီး သုံးဘီးပေါ် ပါလာတဲ့ လူ ၇ ဦးလုံး သေဆုံးသွားခဲ့တာလို့ သိရပါတယ်။
ဓာတ်ပုံ - ကိုမင်းညို