အကြမ်းဖက်ပစ်ခတ်ခဲ့သူ၏ အိုင်ဖုန်းဖွင့်ပေးရန် အမိန့်ချမှတ်မှု ကုမ္ပဏီ ငြင်းဆန်

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန် ဘာနာဒီနိုမြို့မှာ အကြမ်းဖက်ပစ်ခတ်ခဲ့သူရဲ့ အိုင်ဖုန်းကို ဖွင့်ပေးဖို့ တရားရုံးက အမိန့်ထုတ်ခဲ့တာကို Apple ကုမ္ဗဏီက ငြင်းဆန်လိုက်ပါတယ်။ မွတ်စလင်အကြမ်းဖက် ဖာရွတ်(Farook)တို့ ဇနီးမောင်နှံတို့ အကြမ်းဖက်ပစ်ခတ်မှုအတွင်း လူ ၁၄ ဦး သေဆုံးခဲ့ပြီး ဖာရွတ်ရဲ့ အိုင်ဖုန်းထဲမှာ အရေးကြီးတဲ့ အချက်အလက်တွေ ရှိနိုင်တယ်လို့ အက်ဖ်ဘီအိုင်က ယုံကြည်ထားတာပါ။ ဒါကြောင့် အဲ့ဒီ အိုင်ဖုန်းကို ဖွင့်ပေးဖို့ Apple ကို အကူအညီတောင်းခံခဲ့တာမှာ Apple CEO Tim Cook က Apple သုံးစွဲသူတွေရဲ့ လုံခြုံရေးကို ထိခိုက်နိုင်တဲ့ တောင်းဆိုမှုလို့ ပြောဆိုပါတယ်။ အစိုးရက ဖုန်းကိုဖွင့်ပေးဖို့ တောင်းဆိုမှုဟာ ဥပဒေကြောင်းအရ တောင်းဆိုလာတာထက် အများကြီး ရှုပ်ထွေးလေးနက်တယ်လို့ ပြောဆိုပါတယ်။ ၂၀၁၄ စက်တင်ဘာနောက်ပိုင်း  Apple က ထုတ်တဲ့ software update တွေမှာ ဖုန်းထဲက အချက်အလက်တွေရဲ့ လုံခြုံရေးအတွက် အထူးအလေးထားထုတ်ခဲ့ပါတယ်။ သုံးစွဲသူရဲ့ password မှန်မှ ဖုန်းကို ဖွင့်နိုင်ပြီး password ၁၀ ကြိမ်မှားရင်လည်း ဖုန်းထဲက အချက်အလက်တွေ အားလုံးကို ဖျက်ပစ်လိုက်တာပါ။ အမေရိကန်အစိုးရက သာမန်အရပ်သားတွေရဲ့ ဖုန်းဆက်သွယ်မှုတွေကို စောင့်ကြည့်မှတ်တမ်း ယူတယ်လို့ အမေရိကန်ထောက်လှမ်းရေး ကန်ထရိုက်တာ အက်ဒ်ဒ၀ပ် စနိုဒင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်ပိုင်း ဖုန်းနည်းပညာကုမ္ဗဏီအများစုက ဖုန်းသုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံရေးအဆင့် တိုးမြှင့်ထုတ်လုပ်လာကြတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up