Thursday, June 8, 2023
HomeLead Story၀ိန်းရွန်နီ ဒဏ်ရာကြောင့် သီတင်း ၆ ပတ်ခန့် နားရမည်

ဝိန်းရွန်နီ ဒဏ်ရာကြောင့် သီတင်း ၆ ပတ်ခန့် နားရမည်

မန်ချက်စတာယူနှိုက်တက် တိုက်စစ်မှူး ၀ိန်းရွန်နီဟာ ဒူးဒဏ်ရာကြောင့် သီတင်း ၆ ပတ်လောက် ကစားနိုင်မှာ မဟုတ်တော့ပါဘူး။

ရွန်နီဟာ ပြီးခဲ့တဲ့တပတ်က ဆန်းဒါးလန်းကို ရှုံးတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရခဲ့တာပါ။ ဒီဒဏ်ရာကြောင့် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီည အက်ဖ်စီ မစ်ဂျယ်လန်နဲ့ ယှဉ်ပြိုင်မယ့် ယူရိုပါလိဂ်ပွဲစဉ်ကိုပါ လွဲချော်မှာပါ။

အသက် ၃၀ အရွယ် ရွန်နီဟာ လာမယ့် မတ်လထဲမှာ ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ ဂျာမနီ၊၊ နယ်သာလန်တို့နဲ့ ကစားမယ့် ခြေစမ်းပွဲတွေမှာလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

လောလောဆယ် ဖိအားတွေအောက် ရောက်နေတဲ့ နည်းပြ ဗန်ဂါးအတွက်တော့ ရွန်နီ ဒဏ်ရာရသွားတာဟာ ကြီးမားတဲ့ ထိုးနှက်ချက်လို့ ပြောရမှာ ဖြစ်ပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက မန်စီးတီးရဲ့နောက် ၆ မှတ်အကွာမှာ ရပ်တည်နေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular