အစ္စရေးဝန်ကြီးချုပ်ဟောင်း အဂတိလိုက်စားမှုပြစ်ဒဏ် စတင်ကျခံ

အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ် အိုမတ်။ (ဓာတ်ပုံ - ရိုက်တာ)
အစ္စရေးဝန်ကြီးချုပ်ဟောင်း အီဟွတ် အိုမတ်ရဲ့ အဂတိလိုက်စားမှု ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၉ လကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ စတင်ကျခံရပြီ ဖြစ်ပါတယ်။ ဂျေရုဆလင်မြို့တော်ဝန် တာဝန်ယူစဉ်ကာလက လာဘ်စားမှုအတွက် ၂၀၁၄ ခုနှစ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၁၈ လကို လျှော့ပေါ့ပေးခဲ့ပြီး  ပြီးခဲ့တဲ့လကပဲ တရားစီရင်​မှု​ နှောင့်​ယှက်မှုနဲ့ ထောင်ဒဏ် ၁ လ ထပ်တိုးလိုက်တာပါ။ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုမှာ အသက် ၇၀ ရှိပြီဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း အီဟွတ် အိုမတ်က သူ့အပေါ် စွဲချက်တွေအားလုံးကို ငြင်းဆန်တယ်လို့ ပြောဆိုပါတယ်။ ဗွီဒီယိုဟာ ၀န်ကြီးချုပ်ဟောင်း အစ္စရေးနိုင်ငံ အလယ်ပိုင်းက အကျဉ်းထောင်ကို မရောက်ခင် နာရီပိုင်းအကြာမှာ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်း အိုမတ်ဟာ အစ္စရေးဝန်ကြီးချုပ်အဖြစ် ၂၀၀၆ ကနေ ၂၀၀၉ အထိ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up