ရှော်ကေးနောက်ခံလူ မာတစ် လီဗာပူးသို့ ပြောင်းမည်

ဓာတ်ပုံ - Getty Images
ဂျာမန် ဘွန်ဒတ်စ်လီဂါကလပ် ရှော်ကေးအသင်း နောက်တန်းကစားသမား ဂျိုရေ မာတစ်ဟာ ဒီနှစ် ဘောလုံးရာသီ အကုန်မှာ လီဗာပူးကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် မာတစ်ဟာ လာမယ့် နွေရာသီမှာ ရှော်ကေးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ လီဗာပူးကို ရောက်ရှိမှာပါ။ မာတစ်ဟာ ဗဟိုနောက်ခံလူနဲ့ ကွင်းလယ် ၂ နေရာစလုံးမှာ ကစားနိုင်သူ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံဖွား အသက် ၂၄ နှစ်အရွယ် ကင်မရွန်းလက်ရွေးစင်ဟာ ရှော်ကေးအသင်းအတွက် ပွဲပေါင်း ၁၈၁ ပွဲ ကစားပေးထားပြီး ၁၇ ဂိုး သွင်းယူပေးထားပါတယ်။ အခုလို အသင်းပြောင်းဖို့ ဆုံးဖြတ်ရတာ ခက်ခဲပေမယ့် နောက်တဆင့်ကို တက်ဖို့ အချိန်ရောက်နေပြီ ဖြစ်တယ်လို့ မာတစ်က ပြောပါတယ်။ လီဗာပူးအသင်းဟာ မာတစ်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့မှာကတည်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ သူဟာ လာမယ့် ဇူလိုင် ၁ ရက်နေ့မှာ လီဗာပူးကို ရောက်ရှိမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up