ဂရိနှင့် တူရကီနယ်စပ်အနီး ကားတစီးအတွင်း ၀ှက်ထားသည့်လက်နက်များ ရှာတွေ့ (ရုပ်သံ)

ဂရိနဲ့ တူရကီနယ်စပ်နားက ကားတစီးထဲမှာ ဝှက်ထားတဲ့ လက်နက်တွေကို ဂရိရဲတွေနဲ့ ကမ်းရိုးတန်းစောင့်တပ် အရာရှိတွေက ရှာတွေ့ပုံ ရုပ်သံကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖြန့်ချိလိုက်ပါတယ်။ ဗြိတိန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ အီရတ်က ကာ့ဒ်လူမျိုးတွေ မောင်းလာတဲ့ ကားအောက်ပိုင်း ထိုင်ခုံထဲမှာ ဖွက်ထားတဲ့ ရိုင်ဖယ်သေနတ်တွေကို ရှာတွေ့ခဲ့တာပါ။ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက် အစောပိုင်းက စစ်ဆင်ရေး ၂ ခုအတွင်း အီရတ်နိုင်ငံသား ကာ့ဒ်လူမျိုး ၃ ဦးကို တူရကီနိုင်ငံတွင်း လက်နက်ခဲယမ်း အများအပြား သယ်ယူဖို့ ကြိုးစားမှု သံသယနဲ့ ဖမ်းထားတယ်လို့ ရဲတွေနဲ့ ကမ်းရိုးတန်းစောင့်တပ် အရာရှိတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် ညနေက တူရကီနဲ့ ဂရိနယ်စပ်နားမှာ ပစ္စတိုနဲ့ ရိုင်ဖယ် အလက် ၂၀ ကျော်၊ ထောင်သောင်းချီတဲ့ ကျည်ကတ်တွေနဲ့အတူ ဗြိတိန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ၃ ဦးကို တွေ့ခဲ့တာပါ။ ထောက်လှမ်းရေးတွေရဲ့ သတင်းပေးမှုအပြီး သူတို့ထဲက ၂ ဦးကို ဖမ်းမိခဲ့ပါတယ်။ သူတို့ ၃ ဦးဟာ အသက် ၂၂၊ ၂၈ နဲ့ ၃၉ နှစ် အသီးသီးရှိတယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။ ဒါပေမယ့် နိုင်ငံကူးလက်မှတ်တွေထဲမှာ အသက် ၃၅၊ ၃၆ နဲ့ ၄၀ နှစ် အသီးသီး ရှိတယ်လို့ ဖော်ပြထားကြောင်း ကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။ သူတို့ဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပတ်သက်မှုရှိတဲ့ သက်သေတော့ မတွေ့ခဲ့ဘူးလို့ ဂရိရဲတွေက ပြောပါတယ်။ ဥရောပရဲ ယူရိုပိုနဲ့ နိုင်ငံတကာရဲ အင်တာပိုတို့ကို အကြောင်းကြားထားပြီးပြီလို့လည်း ဆိုပါတယ်။ သူတို့ကို လက်နက်မှောင်ခိုမှု၊ လက်နက် တရားမဝင် ပိုင်ဆိုင်မှုတွေ သံသယနဲ့ ဒေသခံ တရားရုံးမှာ တရားစွဲမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up