အိန္ဒိယ ယဉ်ကျေးမှုပြပွဲ ကျင်းပနေချိန် မီးအကြီးအကျယ်လောင်ကျွမ်း (ရုပ်သံ)

2.4K
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့က ယဉ်ကျေးမှုပြပွဲ ကျင်းပရာနေရာမှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။
အိန္ဒိယကုန်စည်ပြပွဲ သီတင်းပတ် ဖွင့်ပွဲကျင်းပနေချိန်မှာ ခုလို ဖြစ်တာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးစေဖို့ ဒီပွဲကို ဝန်ကြီးချုပ် နာရင်းဒရာ မိုဒီက မိတ်ဆက်ခဲ့တာပါ။
ကပွဲဖျော်ဖြေမှုအတွင်း ဟင်းလင်းပြင်စင်မြင့်ရဲ့ ရှေ့မှာ မီးလောင်ခဲ့ပါတယ်။ လေပြင်းတွေကြောင့် မီးက အမြန်ကူးစက် ပျံ့နှံ့ခဲ့ပါတယ်။
မဟာရတ်ရှ်တျာပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဂုဏ်သရေရှိ ဧည့်သည်တွေ၊ ထောင်နဲ့ ချီတဲ့ ပွဲကြည့်ပရိသတ်တွေကို ဘေးကင်းရာ လွတ်လွတ်ကင်းကင်း ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သေဆုံးဒဏ်ရာရမှု မရှိဘူးလို့ ပွဲစီစဉ်သူတွေနဲ့ နယူးဒေလီမြို့တော်က ပြည်ထဲရေး ဝန်ကြီးဌာနတို့က ဆိုပါတယ်။
မီးသတ်သမားတွေ အခင်းဖြစ်ရာကို အမြန်ရောက်လာပြီး မီးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်က ရင်းနှီးမြှုပ်နှံသူ ဂျမ်ဘိုရီကို ဖေဖော်ဝါရီ ၁၃ ရက်နေ့က လမ်းဖွင့်ပေး ခဲ့ပြီး အိန္ဒိယဟာ စီးပွားရေးလုပ်ငန်းတွေအတွက် လမ်းဖွင့်ထားတယ်ဆိုတဲ့ သတင်းစကားကို ပေးချင်ခဲ့တာပါ။
ဒါပေမယ့် ဒီမီးလောင်မှုက ဝန်ကြီးချုပ်ရဲ့ စကားကို အရိပ်လွှမ်းမိုးဖွယ် ရှိတယ်လို့ မီဒီယာတွေက သုံးသပ် ဖော်ပြကြပါတယ်။