Thursday, June 8, 2023
HomeLead Storyပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တပတ်ကြာရပ်နား

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တပတ်ကြာရပ်နား

ပြည်ထောင်စုအဆင့် လွှတ်တော်အမတ်သစ်တွေကို စွမ်းရည်မြှင့်တင်ဖို့ ရည်ရွယ်တဲ့ လွှတ်တော်ဆိုင်ရာလုပ်ငန်းများ အလုပ်ရုံဆွးနွေးပွဲပြုလုပ်နေတဲ့အတွက် ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို တပတ်ကြာ ရပ်နားထားပါတယ်။

နေပြည်တော် လွှတ်တော် သဘင်ဆောင်မှာ ဖေဖော်ဝါရီ ၁၅ ရက်ကနေ ၁၉ ရက်ထိ ကျင်းပတဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်အားလုံးပါ တက်ရောက်တဲ့အတွက် လွှတ်တော်အစည်းအဝေးတွေ ရပ်နားထားရတာလို့ သနပ္ပင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

“အန်ကယ်တို့ ၅ ရက်တက်ရမှာ။ တနင်္လာနေ့ကနေပြီးတော့ သောကြာနေ့အထိဆိုတော့ ဒီတပတ် လွှတ်တော်အစည်းအဝေးမရှိဘူးဆိုတဲ့သဘောပေါ့။ ပြည်သူရော၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အားလုံးပဲ။ ”

ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်များအတွက် လွှတ်တော်ဆိုင်ရာ လုပ်ငန်း များရှင်းလင်းတင်ပြခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (ယူအန်ဒီပီ) နဲ့ နိုင်ငံတကာလွှတ်တော်သမဂ္ဂ (အိုင်ပီယူ) တို့က ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ အပါအ၀င် ဗြိတိန်၊ နယူးဇီလန်၊ ကိုရီးယား၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနဲ့ အရှေ့တီမောက လွှတ်တော်ကိုယ်စားလှယ် ဟောင်းတွေ၊ မြန်မာလွှတ်တော်အမတ်ဟောင်တွေနဲ့ ကုလသမဂ္ဂ ကကျမ်းကျင်သူပညာရှင် တွေ ပါဝင်ဆွေးနွေးနေတယ်လို့ လွှတ်တော်ရုံး တာဝန်ရှိသူ တဦးက ဒီဗွီဘီကိုပြောပါတယ်။

ရပ်နားထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကိုတော့ လာမယ့်ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ပြန်လည်ခေါ်ယူ ကျင်းပမှာဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular