မန်စီးတီး ၁ – ၂ တော့တင်ဟမ်ဟော့စပါး (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၁၄ ရက်နေ့က အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်မှာ တော့တင်ဟမ် ဟော့စပါးက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အမှတ်ပေးဇယား ထိပ်ပိုင်းမှာရှိတဲ့ ၂ သင်း ဆုံတာဖြစ်လို့ အကြိတ်အနယ်နဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ စပါးအတွက် ဦးဆောင်ဂိုးကို ၅၃ မိနစ်မှာ တိုက်စစ်မှူး ကိန်းက ပင်နယ်တီကနေ တဆင့် သွင်းယူပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့တပတ်တုန်းကလည်း ရှုံးပွဲတွေ့ထားလို့ ဒီပွဲမှာ အနိုင်ရအောင် အားထုတ် ကစားသွားပါတယ်။ အိမ်ရှင် စီးတီးအတွက် ချေပဂိုးကို ၇၄ မိနစ်မှာ အီနာချိုကို သွင်းယူပါတယ်။ စီးတီးက ဘောလုံးပို်င်ဆိုင်မှု အသာစီး မယူနိုင်ပေမယ့်လည်း ထိုးဖောက် ကန်သွင်းခွင့်တွေမှာတော့ အကြိမ်ရေ ပိုရခဲ့ပါတယ်။ စပါးအတွက် ဒုတိယဂိုးကို ၈၃ မိနစ်မှာ အာရစ်ဆန်က သွင်းယူပြီး အနိုင်ရသွားပါတယ်။ ဒီပွဲနိုင်လို့ စပါးက အမှတ်ပေးဇယားထိပ်က လက်ဆက်စတာနဲ့ ၂ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးကတော့ ၄၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပါတယ်။

More News
Up