ပေ ၃၀ အမြင့် သစ်ပင်ပေါ်တက်နိုင်သည့် ဆိတ်များ (ရုပ်သံ)

မော်ရိုကိုနိုင်ငံ အလည်အပတ်ရောက်ရှိသွားတဲ့ ဓာတ်ပုံဆရာတဦးက သစ်ပင်ပေါ် ဆိတ်တွေ တက်နေတဲ့ မြင်ကွင်းကို ရုပ်သံဖိုင်နဲ့ မှတ်တမ်းတင်ပြီး အင်တာနက် ယူကျူပေါ်တင်ခဲ့ပါတယ်။ အာဂန် သစ်ပင်ပေါ်ကို တက်နေတဲ့ အာဂန်ဆိတ်လို့ ခေါ်ပြီး သစ်ပင်ပေါ်က သူတို့ ငမ်းငမ်းတက်လိုချင်တဲ့ အသီးတွေကို စားနေတာ ဖြစ်ပါတယ်။ ဒီဆိတ်တွေဟာ ပေ ၃၀ နီးပါး မြင့်တဲ့ သစ်ပင်ကို တက်နိုင်သလို ထူးခြားတဲ့ သစ်ပင်တက် စွမ်းရည်ကို ပိုင်ဆိုင်ထားတယ်လို့ ဓာတ်ပုံဆရာ မိုက်ကယ်ချင်းနီစီက ရေးပါတယ်။ သစ်ပင်က အစေ့တွေကို ဆိတ်တွေက စားသုံးပြီးတဲ့နောက် မစင်ကနေထွက်လာတဲ့ အာဂန် အစေ့ကို ဒေသခံတွေက လိုက်လံကောက်ယူပြီး အဆီထုတ်ပါတယ်။ ဒီအဆီဟာ အရေပြားရောဂါတွေကို ကုသတဲ့ ဆေးကို ထုတ်လုပ်နိုင်သလို ဟင်းချက်ရာမှာ အသုံးပြုပါတယ်။ အာဂန် အဆီဟာ မော်ရိုကိုမှာတော့ လူတွေ အသုံးများတဲ့ အဆီတမျိုးလည်း ဖြစ်ပါတယ်။ အာဂန် အစေ့ဟာ ထုခွဲရခက်ပေမယ့် ဆိတ်တွေစားသုံးပြီး မစင်ကနေထွက်လာတဲ့ အစေ့ကတော့ ထုခွဲရလွယ်တယ်လို့ ဆိုပါတယ်။

More News
Up