ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် နေအိမ်တွင် နိုင်ငံခြားမီဒီယာများကို သတင်းယူခွင့်ပြု

Ousted former Thai PM Yingluck Shinawatra holds up a head of lettuce from her vegetable garden while she receives foreign media at her house in Bangkok, Thailand, February 12, 2016. REUTERS/Jorge Silva
ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်န၀ပ်က သူ့အိမ်ကို နိုင်ငံခြား မီဒီယာတွေ သတင်းယူခွင့်ရအောင် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ဖွင့်လှစ်ပေးခဲ့ပါတယ်၊ နောက်နှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတာကြောင့် သူတို့ မိသားစုရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ရည်ရွယ်ချက်ရှိပုံရတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ယင်လပ်ရဲ့  အခု သတင်းစာရှင်းလင်းပွဲဟာ ၂၀၁၄ ခုနှစ်မှာ စစ်တပ်က သူ့ကို ၀န်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် ပထမဆုံးလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အစိုးရက သူ့ကို နိုင်ငံရေးမလုပ်ဖို့  ပိတ်ပင်ထားတာကို အာခံ ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဘန်ကောက်မြို့ မြောက်ဘက်မှာ ရှိတဲ့ သူ့ခြံဝင်းထဲက စိုက်ပျိုးခင်းကို လိုက်ပြရင်း လုပ်စရာ မလုပ်မရှိတဲ့ အချိန်မှာ မြေကွက်လွတ်လေး ရှိလို့ စိုက်ပျိုးရေးလုပ်ဖို့ စိတ်ကူးရခဲ့တယ်လို့ မီဒီယာတွေကို ရှင်းပြပါတယ်။ ဒါပေမယ့် နိုင်ငံရေးလေ့လာသူ ကန်ယန်ယွန်ကတော့ ယင်လပ်ဟာ ၂၀၁၇ ရွေးကောက်ပွဲအတွက် မိသားစုရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ခြေလှမ်းစလိုက်တာလို့ ဆိုပါတယ်။ ယင်လပ်ရဲ့အစ်ကိုဖြစ်သူ သက်ဆင် ရှင်န၀ပ်ကလည်း ၂၀၁၁ ခုနှစ်မှာ ၀န်ကြီးချုပ် ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။ ရှင်န၀ပ် မိသားစုက ကျောထောက်နောက်ခံပေးထားတဲ့ ပါတီတွေဟာ ၂၀၀၁ ခုနှစ်က စလို့ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့ပါတယ်။ အခုအထိလည်း နိုင်ငံမြေက်ပိုင်းနဲ့ အရှေ့မြောက်ဒေသမှာ လူထုထောက်ခံမှု တခဲနက် ရရှိထားဆဲဖြစ်ပါတယ်။ ယင်လပ်က အခုနောက်ပိုင်းမှာ သူ့အချိန်တွေ အများစုဟာ စိုက်ခင်းတွေမှာ၊ ဒါမှမဟုတ် ဘုန်းကြီးကျောင်းမှာ၊ ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ တွေ့ဆုံတာနဲ့ အချိန်ကုန်တယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ပြည်ပြေးဖြစ်နေတဲ့ သူ့အစ်ကိုကြီးနဲ့လည်း ပုံမှန် စကားပြောဖြစ်တယ်လို့ ဆိုပါတယ်။ ယင်လပ်ဟာ ၀န်ကြီးချုပ်ဘ၀မှာ တာဝန်လျစ်ဟင်းတယ်ဆိုပြီး ထောင် ၁၀ နှစ်ကျနိုင်တဲ့ အမှုကို ရင်ဆိုင်နေရပါတယ်။ ယင်လပ်ဟာ ၂၀၂၀ အထိ နိုင်ငံရေးလုပ်ခွင့် ပိတ်ပင်ခံထားရလို့ လာမယ့် ရွေးကောက်ပွဲမှာ ၀င်မပြိုင်နိုင်ပေမယ့် ပွေထိုင်းပါတီ Puea Thai Party ရဲ့ မဲဆွယ် စည်းရုံးရေးတွေမှာ အားဖြည့်ပေးနိုင်တဲ့ အခြေအနေ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up