ဘုန်းမောက် ၁ – ၃ စတုတ်စီးတီး (ရုပ်သံဟိုက်လိုက်)

695
ဖေဖော်ဝါရီ ၁၃ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ စတုတ်စီးတီးက ဘုန်းမောက်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဧည့်သည် စတုတ်အတွက် ဦးဆောင်ဂိုးကို ၉ မိနစ်မှာ အင်ဗျုလာက သွင်းယူပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဘုန်းမောက်က ဘောလုံး ပိုင်ဆိုင်မှု တဖက်သတ် အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှတော့ အပြန်အလှန်ရခဲ့ပါတယ်။
စတုတ်အတွက် ဒုတိယဂိုးကို ၅၂ မိနစ်မှာ အယ်ဖယ်လေက သွင်းယူပါတယ်။ နောက်ထပ် ၃ မိနစ်လောက်မှာပဲ တတိယဂိုးကို ဂျိုဆဲလူက သွင်းယူပါတယ်။
၅၇ မိနစ်မှာတော့ အိမ်ရှင်အတွက် တလုံးတည်းသော ချေပဂိုးကို သွင်းယူပါတယ်။
ဘုန်းမောက်ဟာ အိမ်ကွင်း ပွဲစဉ်မှာ အနိုင်ရပြီး တန်းဆင်းဇုန်ကနေ ဝေးရာကနေ သွားနိုင်အောင် ကြိုးစားသွားပေမယ့် စတုတ်ကို မယှဉ်နိုင်ဘဲ ဖြစ်ခဲ့ပါတယ်။
ဒီပွဲနိုင်လို့ စတုတ်အတွက် ၃ ပွဲဆက်တိုက် နိုင်ပွဲမရသေးတာကို အဆုံးသတ် နိုင်လိုက်ပါတယ်။ နိုင်ပွဲရတဲ့ စတုတ်ဟာ ၃၆ မှတ်နဲ့ အဆင့် ၉ မှာ ရှိနေပြီး ဘုန်းမောက်က ၂၈ မှတ်နဲ့ အဆင့် ၁၅ မှာ ရပ်တည်နေပါတယ်။