တတိယအကြိမ်မြောက် အမျိုးသမီး လမ်းလျှောက်ပွဲ (ရုပ်သံ)
DVB
·
February 14, 2016
ဖယ်ရိုဗစ်က ပြုလုပ်တဲ့ တတိယအကြိမ်မြောက် အမျိုးသမီး လမ်းလျှောက်ပွဲကို ရန်ကုန်မြို့မှာ ဒီကနေ့ မနက် အစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။
သုဝဏ္ဏအားကစားရုံကနေ စတင်လမ်းလျှောက်တာဖြစ်ပြီး တေးသံရှင် ချစ်သုဝေနဲ့ မော်ဒယ်တင်မိုးလွင်တို့ဦးဆောင်ပြီး လမ်းလျှောက်ခဲ့ပါတယ်။
သုဝဏ္ဏအားကစားရုံကနေ တောင်ဥက္ကလာ ရတနာလမ်းမီးပွိုင့်ထိလျှောက်ပြီး အားကစားရုံကို ပြန်လျှောက်ခဲ့တာပါ။
ဒီ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲမှာ လက်ဆောင်ဆုပေးတာနဲ့ ဂိမ်းပြိုင်ပွဲတွေ ပြုလုပ်ခဲ့သလို ချစ်သုဝေကလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။ မော်ဒယ်တင်မိုးလွင်နဲ့ ချစ်သူဝေတို့ဟာ စင်ပေါ်ကနေ ဟာသတွေနှောပြီး လမ်းလျှောက်ပြခဲ့ပါတယ်။
ဓာတ်ပုံ - လေးလေးမွန်