Home
မြန်မာသတင်း
ပုလော မီးလောင်မှု ရပ်ကွက် ၃ ခု ပြာကျ (ရုပ်သံ)
DVB
·
February 13, 2016
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကျောက်က္ကာရွာမှာ ဒီကနေ့ မနက် ၈ နာရီခွဲလောက်ကစလို့ ၅ နာရီခန့်ကြာ မီးလောင်ကျွမ်းခဲ့မှုကြောင့် ရွာရှိ အိမ်ခြေ ထက်ဝက်ကျော် မီးလောင်သွားပါတယ်။ မွန်းလွဲ ၂ နာရီခွဲမှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး သေဆုံးဒဏ်ရာရသူတော့ မရှိဘူးလို့ မီးသတ်ရာမှာ ပါဝင်ကူညီနေတဲ့ ဒေသခံ လူငယ်တဦးက ပြောပါတယ်။ ကျောက်ကာရှိ ရပ်ကွက် ၄ ခုအနက် ၁ ရပ်ကွက်တခုပဲ ကျန်တယ်၊ ကျန်ရပ်ကွက် ၂၊ ၃ နဲ့ ၄ တို့ရှိ အဆောက်အဦတွေ မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေ ၇၀၀ လောက်အနက် ထက်ဝက်ကျော် မီးလောင်ခံခဲ့ရတာလို့ သူက ပြောပါတယ်။ “ရပ်ကွက်ကတော့ ၂၊ ၃၊ ၄ အဲ့ဒါပါသွားတယ်ခင်ဗျ။ ရပ်ကွက်က ၄ ခု ရှိတာ၊ သူက မီးသတ်ကားနဲ့ ငြိမ်းလို့ မရဘူး၊ ပင်လယ်ထဲကပဲ ပတ်ပြီး ပက်ရတာခင်ဗျ၊ စက်လှေတွေ ၀ါးလတ် ၀ါတန်း လှေကြီးတွေရောနဲ့ ၀ိုင်းပြီး ဖျန်းကြရတာ၊” မြိတ်ခရိုင်ပြန်ဆက်ရဲ့ သတင်းထုတ်ပြန်ချက်မှာ အမှတ် (၂) ရပ်ကွက်ရှိ ဦးသန်းနိုင် ဆိုသူ နေအိမ်မှာ ၀ါယာကြိုးရှော့ ဖြစ်ပြီး မီး စတင်လောင်ကျွမ်းတာ ဖြစ်ပါတယ်။ အမှတ် ၂၊ ၃၊ ၄ ရပ်ကွက်တို့ရှိ အိမ်ခြေ ၄၀၀ ကျော်၊ ကျောက္ကာကျေးရွာ အထက ခွဲ စာသင်ကျောင်းတို့ မီးလောင်ကျွမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒေသခံတွေကို စက်လှေတွေနဲ့ မီးဘေးလွတ်ရာ ပို့ဆောင်ခဲ့ကြပြီး မီးဘေးသင့် ပြည်သူတွေကို ရာဇဂြိုဟ်ကျေးရွာမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ် အကူညီပေးနေတယ်လို့ ပြန်ဆက်သတင်းက ဆိုပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024