ဆိုးသွမ်းပရိသတ် ဖျက်ဆီးခဲ့သည့် ထိုင်ခုံများ ပြန်တပ်ဆင်

ဆိုးသွမ်းဘောလုံးပရိသတ်တွေ ဖျက်ဆီးခဲ့တဲ့ ရန်ကုန်၊ သုဝဏ္ဏဘောလုံးကွင်းထဲက ထိုင်ခုံ ၂၆၀ ကျော်ကို ဖေဖော်ဝါရီ ၇ ရက်ကစပြီး ပြန်လည်တပ်ဆင်နေပြီလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပါတယ်။ ဒါ့အပြင် ပွဲကြည့်စင်တွေပေါ်မှာ တပ်ဆင်ထားတဲ့ ခုံတွေအနက် ပျက်စီးနေတဲ့ ထိုင်ခုံတွေကိုလည်း အသစ် တပ်ဆင်သွားမှာဖြစ်ပါတယ်။ မြန်မာဘောလုံးဆိုးသွမ်း ပရိသတ်တွေကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ အာရှနဲ့ ဖီဖာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ ပြစ်ဒဏ် မကြာခဏ ချမှတ်ခံရပြီး ဘောလုံးအဖွဲ့ချုပ် အနေနဲ့ အလားတူ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားခြင်း မရှိအောင် ပြိုင်ပွဲတိုင်းမှာ ပရိသတ်တွေကို ပညာပေး စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။ stadium-752x348ဘောလုံးအဖွဲ့ချုပ်ဟာ နောက်ဆုံးအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလ အတွင်း ကျင်းပခဲ့တဲ့ အာရှ ယူ-၁၉ ခြေစစ်ပွဲအတွင်း ပရိသတ်တဦး ကွင်းအတွင်း ဝင်ရောက် ခဲ့တာကြောင့် အာရှဘောလုံးအဖွဲ့ချုပ်မှ ဒဏ်ငွေအဖြစ် ဒေါ်လာ ၂၅၅၀၀ နဲ့ ၁ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up