လွန်ခဲ့တဲ့ရက်ပိုင်းက အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက အနောက် ဘင်ဂေါပြည်နယ်မှာ ဆီလီဂူရီမြို့ထဲကို ၀င်ရောက်လာတဲ့ဆင်ကို ရဲတွေက ငြိမ်ဆေးပေးပြီး ဖမ်းဆီးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့တုန်းက ဆင်ရိုင်းဝင်လာရာ လမ်းတလျှောက်က အဆောက်အဦ ၁၀၀ လောက်နဲ့ ဆိုင်ကယ်တွေလည်း ပျက်စီးသွားခဲ့သလို ဒေသခံတွေကလည်း ထွက်ပြေးခဲ့ရပါတယ်။
ဒီလို သောင်းကျန်းနေတာ နာရီအနည်းငယ်အကြာမှာတော့ ရဲတပ်ဖွဲ့တွေက ဆင်ရိုင်းကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဆင်ကို သေနတ်နဲ့ ငြိမ်ဆေး ၄ ချက် ပစ်ပြီးတဲ့နောက် ငြိမ်ကျသွားတဲ့ဆင်ကို ထိန်းချုပ် ကားပေါ်တင်ကာ အနီးက ဥယျာဉ်ကို သယ်ဆောင်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာ အာဏာပိုင်တွေက ဆင်ကို ပြန်လွှတ်ပေးမယ်လို့လည်း မျှော်လင့်ရတယ်လို့ သတင်းက ဆိုပါတယ်။