Thursday, June 8, 2023
HomeLead Storyမူးယစ်ဆေးသုံး ထိုင်းဘုန်းကြီး ၄ ပါးကို လူဝတ်လဲအရေးယူ (ရုပ်သံ)

မူးယစ်ဆေးသုံး ထိုင်းဘုန်းကြီး ၄ ပါးကို လူဝတ်လဲအရေးယူ (ရုပ်သံ)


ထိုင်းနိုင်ငံအလယ်ပိုင်း ချချိန်းဆောင်းခရိုင် ချာ့ချိန်းဆောင်းမြို့ ချချိန်းဆောင်းကျောင်းတိုက်မှာ သံဃာတော်တွေကို ၀ိနည်းနဲ့မညီညွတ်တဲ့ မူးယစ်ဆေး သုံးစွဲတဲ့အတွက် လူဝတ်လဲ အရေးယူလိုက်ပါတယ်။

သံဃာတော်တွေဟာ စိတ်ကြွဆေးသုံးတာ၊ ဆေးခြောက်ရှူတာတွေရှိကြောင်း ဒကာဒကာမတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်နေ့က ခရိုင်မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက အဆိုပါကျောင်းတိုက်ကို ၀င်ရောက်စီးနင်းရှာဖွေခဲ့ပါတယ်။

ဝင်ရောက်ရှာရာမှာ ကျောင်းတိုက်ထဲ မူးယစ်ဆေးဝါးတွေ့ရှိပြီး ဦးဇင်း ၄ ပါးကလည်း မူးယစ်ဆေးသုံးစွဲကြောင်း ၀န်ခံတဲ့အတွက် သူတို့အားလုံးကို ချက်ချင်းလူဝတ်လဲပြီး အရေးယူလိုက်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular