စစ်ဦးစီးအရာရှိချုပ်ကို မြောက်ကိုရီးယား ကွပ်မျက်

ရီယောင်ဂေး
မြောက်ကိုရီးယားမှာ စစ်ဦးစီး အရာရှိချုပ် ရီယောင်ဂေးကို သေဒဏ်ပေး ကွပ်မျက်လိုက် တယ်လို့ တောင်ကိုရီးယား ယွန်ဟပ်သတင်းက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ အစီရင်ခံပါတယ်။ ဒီသတင်း အမှန်ဆိုရင် ကင်ဂျုံအန်းလက်ထက် ဖြုတ်ထုတ်သတ် ဇာတ်လမ်းတွေထဲက နောက်ဆုံးတခု ဖြစ်လာပါလိမ့်မယ်။ လာဘ်ပေးလာဘ်ယူမှု၊ အာဏာသိမ်းဖို့ ကြံစည်မှုတွေအတွက် ဒီလထဲမှာပဲ သေဒဏ်ပေး ကွပ်မျက်ခဲ့တာလို့ ယွန်ဟပ် သတင်းအပါအ၀င် တခြား တောင်ကိုရီးယား မီဒီယာတွေက ဆိုပါတယ်။ ယွန်ဟပ် သတင်းမှာ သတင်းအရင်းအမြစ်ကို မဖော်ပြပါဘူး။ ဖေဖော်ဝါရီ ၇ ရက်နေ့တုန်းက မြောက်ကိုရီးယားက တာဝေးပစ် ရော့ကက် ဒုံးကျည်ကို လွှတ်တင်လိုက်ပြီးနောက် တောင်နဲ့ မြောက်ကိုရီးယားတို့ကြားမှာ ဆက်ဆံရေး တင်းမာနေ ချိန်မှာ ဒီသတင်း ထွက်ပေါ်လာတာပါ။ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူကလည်း စစ်ဦးစီး အရာရှိချုပ် ကွပ်မျက်ခံရတဲ့သတင်းကို အတည်ပြုတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။ ဒါပေမယ့် ကိုရီးယား  တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ဒီသတင်းကို အတည်ပြုချက် မပေးပါဘူး။ မြောက်ကိုရီးယားမှာ ကင်ဂျုံအီ ကွယ်လွန်ပြီး သူ့သားဖြစ်တဲ့ ကင်ဂျုံအန်း တက်လာတဲ့  ၂၀၁၁ ကစလို့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေမှာ အပြောင်းအလဲတွေ မကြာခဏ ဖြစ်ခဲ့ဖူးပါတယ်။ မနှစ်မေလတုန်းကလည်း ကာကွယ်ရေးဝန်ကြီးကို လေယာဉ်ပစ် ဒုံးကျည်နဲ့ ပစ်ပြီး  ကွပ်မျက်ခဲ့တဲ့အကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ရဲ့  လွှတ်ာတော်ကို ပေးပို့တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up