တရားမ၀င် ဓာတ်မြေသြဇာ ၅ မျိုး ကြေညာ

တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသလို အရည်အသွေးနဲ့ စံချိန်စံညွန်းပြည့်မီမှု အာမခံချက် မရှိတဲ့ ဓာတ်မြေသြဇာ အမှတ်တံဆိပ် ၅ မျိုးစာရင်းကို မြေသြဇာကော်မတီက ကြေညာလိုက်ပါတယ်။ ကြေညာခံထားရတဲ့ အဆိုပါ ဓာတ်မြေသြဇာ ၅ မျိုးထဲမှာ တောင်ငူမြို့မှာ တွေ့ရတဲ့ ဟာမိုနီပဲမျိုးစုံ အထူးရွက်ဖျန်းဆေးနဲ့ ရှင်းသန့်အမိုင်နို အသီးအပွင့်အားဆေးရည်၊ ရန်ကုန်မှာ တွေ့ရတဲ့ ဒို့လယ်သမား (၂) ရွက်ဖျန်းအားဆေးရည်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရန်ကုန် ကော့မှူးမြို့နယ်မှာတွေရဲ့ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ Enriched Compost Fertilizer Shwe Myay Si အော်ဂန်းနစ်ဓာတ်မြေသြဇာနဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ တွေ့ရတဲ့ Foliar Fertilizer (ယိုးဒယားစာ) ဓာတ်မြေသြဇာတွေ ပါဝင်ပါတယ်။ အဆိုပါဓာတ်မြေသြဇာတွေကို ၀ယ်ယူသုံးစွဲမိရင် သီးနှံအထွက်နှုန်းထိခိုက်လျော့နည်းပြီး သုံးစွဲသူတွေ စီးပွားရေးတွက်ခြေမကိုက်ဘဲ ဆုံးရှုံးနစ်နာမှုတွေဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။ မှတ်ပုံတင်မထားတဲ့ ဓာတ်မြေသြဇာတွေကို ထုတ်လုပ်၊ တင်သွင်း၊ ဖြန့်ဖြူးရောင်းချရင် ဥပဒေ အရ အရေးယူသွားမယ်လို့လည်း မြေသြဇာကော်မတီက သတိပေးကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up