စစ်ဆေးရုံတွင် ကုသမှုခံယူနေသည့် ဒုတပ်ကြပ် သေဆုံး (ဓာတ်ပုံ)
DVB
·
February 10, 2016
နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း တပ်မတော်လေယာဉ်တစင်း ပျက်ကျမှုကြောင့် တပ်မတော်အရာရှိ ၃ ဦးနဲ့ ဒုတပ်ကြပ် ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီးနောက် ဆေးရုံးပို့ ကုသမှုခံယူနေတဲ့ ဒုတပ်ကြပ်လည်း သေဆုံးသွားပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် မနက် ၉ နာရီ ၄၁ မိနစ်အချိန်က တပ်မတော်လေယာဉ် B 1900 ဟာ နေပြေည်တော်လေယာဉ်ကွင်းကနေ စတက်ပြီး မကြာမီ စက်ချို့ယွင်းလို့ လယ်ဝေးမြို့နယ် ရွှေပြည်သာ ကျေးရွာအုပ်စု၊ ကြံခင်းကျေးရွာ တောင်ဘက် မတ်ပဲစိုက်ခင်းအတွင်း ပျက်ကျခဲ့ပြီး မီးလောင် ကျွမ်းသွားခဲ့လို့ သေဆုံးခဲ့ကြတာပါ။
လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦး၊ ဒုတပ်ကြပ် တ ဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ဒုတပ်ကြပ်ကတော့ တပ်မတော်စစ်ဆေးရုံ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - နေဖြိုးဝင်း