တရားသူကြီး၏ မြက်ခင်းကို စားခဲ့သည့် ဆိတ်မနှင့် ပိုင်ရှင်ကို ဖမ်းဆီး (ရုပ်သံ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း ချတစ်ဇ်ဂါပြည်နယ် ကို့ရီယာမြို့မှာ အိမ်နီးချင်းနဲ့ ဒေသခံ တရားသူကြီးဖြစ်သူရဲ့ မြက်ခင်းကို စားခဲ့လို့ ဆိတ်မ ဘာဘ်လီနဲ့ သူ့ပိုင်ရှင် အဗ္ဗဒူ ဟတ်ဆန်တို့ ဖေဖော်ဝါရီ ၉ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။ ထပ်ခါတလဲ ပိုင်နက်ကျူးလွန်မှုကြောင့် ဒေါသထွက်ခဲ့တဲ့ တရားသူကြီး ဟီမန့် ရာတရီက ရဲကို တိုင်ခဲ့ပြီး ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။ ဆိတ်မက ခြံစည်းရိုးကို ထပ်ခါတလဲ ဖြတ်ဝင်လာပြီး တရားသူကြီးရဲ့ ခြံဝင်းထဲက ပန်းတွေ ဟင်းသီးဟင်းရွက်တွေကို စားခဲ့တယ်လို့ တိုင်တမ်း ထားပါတယ်။ တရားသူကြီးက ဆိတ်ရှင်ကို အကြိမ်ပေါင်းများစွာ သတိပေးခဲ့ပေမယ့် ဆိတ်ရှင်က သူ့ဆိတ်ကို ခြံမကျော်အောင်တားဖို့ ဘာမှ မလုပ်ခဲ့ဘူးလို့ လက်ထောက် စုံစမ်းစစ်ဆေးရေးမှူးက ပြောပါ တယ်။ ဆိတ်ပိုင်ရှင်ကို သူတပါးပိုင်ဆိုင်မှုကို ဖျက်ဆီး ပျက်စီးစေမှု ပုဒ်မ ၄၂၇ နဲ့ ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၇ တို့နဲ့ တရားစွဲထားပါတယ်။ အပြစ်ရှိကြောင်း ခိုင်လုံရင်ထောင်ဒဏ် ၂ နှစ်ကျခံရ နိုင်ပါတယ်။ ဆိတ်ပိုင်ရှင်က သူ့ဆိတ်မှာ အပြစ်ရှိတယ်လို့ ဝန်ခံပါတယ်။ ဆိတ်ရှင်က သူ့အတွက်ရော သူ့ဆိတ်အတွက်ပါ ဒေသခံ တရားရုံးမှာ အာမခံ လျှောက်ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up