ဦးဝင်းထိန် အရေးပေါ် ဆေးကုသမှု ခံယူ
DVB
·
February 9, 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ဟာ ဒီကနေ့ နေ့ခင်းပိုင်းမှာ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရပါတယ်။
ဒီကနေ့ နေခင်းပိုင်းမှာ ရုတ်တရက်နေမကောင်းဖြစ်တဲ့အတွက် နေပြည်တော် ကုတင်တစ်ထောင်ဆေးရုံမှာပို့ ဆောင်ကုသခဲ့ရဘူး လောလောဆယ်မှာတော့ စိုးရိမ်ဖွယ်ရာ အခြေအနေမရှိဘူးလို့ အနီးကပ်နေထိုင်သူတဦးက ပြောပါတယ်။
“စိုးရိမ်စရာတော့မရှိဘူးပါဘူး။ ကောင်းပါတယ်။ ဒီတိုင်း နည်းနည်းအန်လို့ ဆေးရုံတင်လိုက်ပါတ။် အခု နေပြည်တော်ကုတင်တထောင်ဆေးရုံမှာပါ။”
ဦးဝင်းထိန်ဟာ အန်အယ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်သလို ပြောခွင့်ရသူလည်း ဖြစ်ပါတယ်။