စာရွက်စာတမ်းဖြည့်ခိုင်းပြီး ဖုန်းခိုးသည့် မန်နေဂျာ (ရုပ်သံ)
DVB
·
February 9, 2016
ထိုင်းနိုင်ငံက စားသောက်ဆိုင် မန်နေဂျာတဦးက ဈေးဝယ်တဦးရဲ့ ဖုန်းကို ခိုးယူနေတဲ့ ရုပ်သံဟာ လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဘန်ကောက် သာဖရာ ဈေးဝယ်ဆင်တာ ကေအက်ဖ်စီဆိုင်က မန်နေဂျာလို့ ပြောပြီး ဈေးဝယ်ကို စားသုံးသူတွေရဲ့ သဘောထား စစ်တမ်း စာရွက်ကို ဖြည့်ခိုင်းပါတယ်။
စာရွက်ဖြည့်ခိုင်းနေတဲ့ ဈေးဝယ်ရဲ့ ဖုန်းကို စာရွက်တွေအောက်ကနေတဆင့် ခိုးယူခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို လုံခြုံရေး ကင်မရာက ရုပ်သံအဖြစ် မှတ်တမ်းတင်ထားခဲ့ပြီး လှုမှုရေးကွန်ရက် ဖေ့ဘွတ်ခ်အသုံးပြုသူတဦးက ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ လူမှုရေးကွန်ရက်ပေါ်မှာ ပျံ့နှံခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံ - Bangkok Post