တောထဲတွင် ပြန်လည်ရှင်နိုင်စေရန် အော်ရန်ဂူတန် လူဝံများကို သင်တန်းပေး (ရုပ်သံ)

တောထဲမှာ ပြန်လည် ရှင်သန်ရမယ်ဆိုရင် သဘာဝအတိုင်း ပြန်လည် နေထိုင်နိုင်ဖို့အတွက် အော်ရန်ဂူတန် လူဝံတွေကို နိုင်ငံတကာ တရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က သင်တန်းပေးနေ ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ဘော်ရီနိုကျွန်းမှာ ငယ်ရွယ်တဲ့ အော်ရန်ဂူတန်တွေ မနက်တိုင်းတွန်းလှည်းနဲ့ သယ်ဆောင်လာပြီး အသိုက်ဆောက်တာ အစာရှာဖွေတာ စတဲ့ သင်တန်းတွေ ပေးနေတဲ့ ရုပ်သံဖိုင်ကို ဒီအဖွဲ့က ပြသခဲ့ပါတယ်။ ဒီလို ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက် ၇ နှစ်ကနေ ၈ နှစ်အထိ ကြာမြင့်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒီကိုရောက်လာတဲ့ အော်ရင်ဂူတန်တွေကို သဘာဝပတ်ဝန်းကျင်နဲ့ အတတ်နိုင်ဆုံး မိတ်ဆက်ပေးဖို့ သစ်တောကျောင်းတခုဖန်တီးထားတယ်လို့လည်း အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ ဒီအဖွဲ့က အော်ရန်ဂူတန် ၁၂၀ ရှိပြီးတော့ တချို့တွေက ဒဏ်ရာရရှိထားပြီး အရိုင်းဘ၀ကို ပြန်မသွားနိုင်တော့တဲ့အတွက် သင်တန်းကို အားလုံး မပါဝင်နိုင်ဘူးလို့ ဆိုပါတယ်။ အော်ရန်ဂူတန်တွေဟာ အရှေ့တောင်အာရှမှာ အတွေ့များပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင်း မျိုးတုန်းမယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up