Home
မြန်မာသတင်း
ပြည်နယ်နှင့်တိုင်း လွှတ်တော်အကြီးအကဲများ ရွေးချယ်ခန့်အပ်
DVB
·
February 8, 2016
၂၀၁၅ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွေကို ဖေဖော်ဝါရီ ၈ ရက်မှာ ပထမနေ့ အဖြစ် စတင်ကျင်းပပြီး လွှတ်တော်အကြီးအကဲတွေ ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ ဒီနေ့မှာပဲစတင်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ သဘာပတိအဖြစ် မရမ်းကုန်း မဲဆန္ဒနယ် အမှတ်(၂) မှ ဒေါ်မိုးမိုးစုကြည်တာဝန်ယူဆောင်ရွက်ပြီး ဥက္ကဋ္ဌအဖြစ် ဒဂုံမဲဆန္ဒနယ် အမှတ် (၁)က အန်အယ်ဒီအမတ် ဦးခင်မောင်ထွန်း ၊ ဒုဥက္ကဋ္ဌအဖြစ် ကမာရွတ်မဲဆန္ဒနယ် အမှတ် (၂) က အန်အယ်လ်ဒီအမတ် ဦးလင်းနိုင်မြင့်တို့ကို ရွေးချယ်တင်မြှောက်ပါတယ်။ မန္တလေးတိုင်းလွှတ်တော်မှာလည်း ဥက္ကဋ္ဌအဖြစ် ပုသိမ်ကြီးမြို့နယ်က အဖွဲ့ချုပ်အမတ် ဦးအောင်ကျော်ဦးနဲ့ ဒုဥက္ကဋ္ဌအဖြစ် ပြင်ဦးလွင် အန်အယ်လ်ဒီ အမတ် ဦးခင်မောင်ထွေးတို့ ရွေးချယ်ခံရပါတယ်။ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အဖြစ် အဖွဲ့ချုပ် စလင်းအမတ် ဦးတာနဲ့ ဒုဥက္ကဋ္ဌအဖြစ် မြို့သစ်မြို့နယ် အန်အယ်လ်ဒီ အမတ် ဦးဇော်မျိုးဝင်းတို့ ရွေးချယ်ခံရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အတွက်တော့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အန်အယ်လ်ဒီပါတီ ကိုယ်စားပြု အမတ်တွေဖြစ်တဲ့ ကသာမြို့နယ်က ဦးသန်း၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် အင်းတော်မြို့နယ်က ဦးဘိုသန်း ညွှန့်တို့ကို အတည်ပြုခန့်အပ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းသူ တဦးထဲရှိပြီး အမျိုးသားဒီမိုကရေအဖွဲ့ချုပ် အင်္ဂပူမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)က ဦးအောင်ကျော်ခိုင် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ဒု-ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းခံရတဲ့ အမျိုးသား ဒီမိုကရေ အဖွဲ့ချုပ်ပါတီ ဘိုကလေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၃) မှ ဦးစံမင်းအောင်ကို အတည်ပြုရွေးချယ်လိုက်ပါတယ်။ အလားတူ ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ် အဖွဲ့ချုပ်က လက်ပံတန်းအမတ် ဦးခင်မောင်ရင် ဒုဥက္ကဋ္ဌအဖြစ် ကျောက်တံခါးအမတ် ဦးကြည်ဇင်တို့ ရွေးချယ်ခံရပြီး တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်မှာလည်း အယ်အယ်လ်ဒီ အမတ်တွေဖြစ်တဲ့ ထားဝယ်အမတ် ဦးခင်မောင်အေးက ဥက္ကဋ္ဌ ၊ ရေဖြူအမတ် ဦးကြည်စိုးက ဒုဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရပါတယ်။ ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် သဘာပတိအဖြစ်တော့ ကျိုက်ထိုမဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာ အေးဇံကသဘာပတိအဖြစ် ဆောင်ရွက်ပြီး သံဖြူဇရပ်မဲ ဆန္ဒနယ် (၁)က အနိုင်ရတဲ့ အန်အယ်လ်ဒီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်အိက မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရသလို ဘီလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးမင်းမင်းဦးကို လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် အတည်ပြုခဲ့ပါတယ်။ ကချင်ပြည်နယ် လွှတ်တော်မှာတော့ လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အရင် လွှတ်တော် ဥက္ကဋ္ဌဟောင်း ပြည်ခိုင်ဖြိုးပါတီ မချမ်းဘော မဲဆန္ဒနယ်က ဦးရာဝမ်းဂျူံနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗန်းမော်မဲဆန္ဒနယ်မှ ဦးထွန်းတင်တို့ ၂ ဦး အဆိုပြုခံရတဲ့အတွက် ဆန္ဒမဲခွဲရွေးချယ်ခဲ့ရပါတယ်။ အဆိုပြုခံရသူနှစ်ဦးကိုမဲခွဲဆုံးဖြတ်ရာမှာ ဦးရာဝမ်းဂျုံးက ထောက်ခံမဲ ၂၂မဲ ပယ်မဲ၁မဲရပြီး ဦးထွန်း တင်က ထောက်ခံမဲ ၃၀ရရှိလို့ မဲအများစုနဲ့ အနိုင်ရရှိကာ ကချင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နေရာကို ဦးထွန်းတင်ကရရှိသွားပါတယ်။ ကချင်ပြည်နယ်ဒုတိယလွှတ်တော်ဥက္ကဌနေရာကိုမဲခွဲဆုံးဖြတ်ရာမှာလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပူတာအိုမဲဆန္ဒနယ်က ဦးဒိန်ခန်ဖုန်က ထောက်ခံ မဲ၃၀၊ ကြံ့ခိုင်ရေးပါတီ ချီဖွေမဲဆန္ဒနယ် (၁) က ဦးဘီထောဇောင်း ထောက်ခံမဲ ၂၃မဲ ရရှိပြီးတာကြောင့် ဦးဒိန်ခန်ဖုန်က ကချင်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဌနေရာကိုရရှိသွားပါတယ်။ ကယားပြည်နယ်လွှတ်တော်မှာတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌနေရာတွေအတွက် အန်အယ်လ်ဒီ ပြည်နယ် အမတ်တွေဖြစ်တဲ့ ရှားတောအမှတ် ၂ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးလှထွေးနဲ့ လွိုင်ကော်အမှတ် ၂ မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးတင်မြင့် တို့ကို ရွေး ချယ်လိုက်ပါတယ်။ ကရင်ပြည်နယ်မှာလည်း လွှတ်တော်သဘာပတိအဖြစ် အမျိုးသားသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဘားအံအမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က ဆောင်ရွက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အန်အယ်လ်ဒီပါတီ လှိုင်းဘွဲအမှတ် ၂ ကိုယ်စားလှယ် ဦးစောချစ်ခင်၊ ဒု-ဥက္ကဋ္ဌအဖြစ် အန်အယ်လ်ဒီပါတီ ကော့ကရိတ်အမှတ် ၁ ကိုယ်စားလှယ် နန်းသူဇာဝင်းကို ရွေးချယ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်မှာတော့ လွှတ်တော်သဘာပတိအဖြစ် ဘူးသီးတောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ဦးဇော်ဇော်မြင့်ကို ရွေးချယ်တင်မြောက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီက ပုဏ္ဏားကျွန်း မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ရခိုင်အမျိုးသားပါတီက ရသေ့တောင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးမင်းတို့ကို ရွေးချယ်လိုက်ပါတယ်။ အားလုံးစည်းစည်းလုံးလုံး ညီညီညွှတ်ညွတ်နဲ့ အတည်ပြုနိုင်ခဲ့တယ်လို့လည်း တောင်ကုတ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ပြောပါတယ်။ ဒီကနေ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ လွှတ်တော်ကိုယ်စားအားလုံး ၄၇ ဦးထဲက ၂ ဦးပျက်ကွက်ခဲ့လို့ ၄၅ ဦး တက်ရောက်ခဲ့ပါတယ်။ ချင်းပြည်နယ်လွှတ်တော်မှာတော့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် အန်အယ်လ်ဒီ ဟားခါးမြို့ နယ်အမှတ် (၁) က ဦးဇိုဘွဲ၊ ဒု-ဥက္ကဋ္ဌ အဖြစ် အန်အယ်လ်ဒီ မင်းတပ်မြို့နယ်အမှတ် ၁ မဲဆန္ဒ နယ်က ဦးအောင်သန်းတို့ကို တညီတညွတ်ထဲ ရွေးချယ်လိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024