အိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သူများကို စပိန်ရဲတပ်ဖွဲ့ ဖမ်းဆီး

ဓာတ်ပုံ - AFP
အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်နဲ့ တခြားမွတ်စလင်ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်လို့ ယုံကြည်ရသူ ၇ ဦးကို စပိန်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ စပိန်မြို့ကြီးတွေဖြစ်တဲ့ ဗလင်စီယာမြို့၊ အာလီကန်တယ်မြို့ Alicante နဲ့ အာဖရိကတိုက်မြောက်ဖျားစွန်းက စပိန်ပိုင် စီယူတာမြို့ Ceuta တို့မှာ သူတို့ကို ဖမ်းဆီးခဲ့တာပါ။ သူတို့တွေအားလုံး အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေမှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက်တွေကို ထောာက်ပံ့ကူညီမှုတွေ လုပ်ပေးနေတယ်လို့ စပိန်လုံခြုံရေးအာဏာပိုင်တွေက ယုံကြည့်ထားပြီး  အဖွဲ့ခေါင်းဆောင်ကိုလည်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အမျိုးသမီးစစ်သွေးကြွတွေကို စုဆောင်ပေးဖို့ တာဝန်ပေးထားတယ်လို့ စပိန်ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ဖမ်းဆီးခံရသူ ၇ ယောက်ထဲမှာ ၄ ယောက်ဟာ ဂျော်ဒန်နိုင်ငံ၊ မော်ရိုကိုနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံဖွား စပိန်နိုင်ငံသားတွေဖြစ်ကြပါတယ်။ ၂ ယောက်ကတော့ ဆီးရီးယားနဲ့ မော်ရိုကိုနိုင်ငံသားတွေဖြစ်ပြီး နောက်ဆုံးကျန်တဲ့တယောက်ရဲ့ အကြောင်း အသေးစိတ်ကိုတော့ စပိန်ရဲတပ်ဖွဲ့က အသေးစိတ်ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ စပိန်ပြည်တွင်း အိုင်အက်စ်အကြမ်းဖက်နှိမ်နှင်းရေးအစီအစဉ်ကို ၂၀၁၄ ခုနှစ်က စတင်ခဲ့ပြီး လက်ရှိလည်း အကြမ်းဖက်တွေနဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကို စုံစမ်းဖော်ထုတ်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up