ထိုင်းတွင် တရုတ်နှစ်ကူးကို ဆင်နွှဲ (သတင်းဓာတ်ပုံ)
DVB
·
February 8, 2016
ထိုင်းနိုင်ငံ ဘန်ကောက်မှာ နေထိုင်တဲ့ တရုတ်အနွယ် ထိုင်းတွေက တရုတ်နှစ်ကူးကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။
နှစ်သစ်မှာ ကံကောင်းစေဖို့ အတွက် တချို့တွေက ကံကောင်းဖို့ ဆုတောင်းကြသလို ကုသိုလ်ကောင်းမှု တွေလည်း ပြုလုပ်နေပါတယ်။
လကို အခြေခံတဲ့ တရုတ် ပြက္ခဒိန်အရ ဒီနှစ်အတွက် နှစ်ကူးဟာ ဖေဖော်ဝါရီ ၈ ရက်မှာ ကျရောက်ပြီး မျောက်နှစ်ရဲ့ ပထမဆုံး ရက်လည်း ဖြစ်ပါတယ်။ ဒီနှစ်ကူးပွဲတော်ကို နွေဦးပွဲတော်လို့လည်း ခေါ်ဝေါ်ပါတယ်။
ဘန်ကောက်က တရုတ်နှစ်သစ်ကူးနဲ့ပတ်သက်တဲ့ ပုံရိပ်တွေကို ထိုင်း ဘန်ကောက်ပိုစ့်သတင်းက သတင်းဓာတ်ပုံအဖြစ် ရိုက်ကူးတင်ဆက်ထားပါတယ်။