ငလျင်ကြောင့် ပြိုကျနေသည့်လူနေတိုက်ခန်းအတွင်းက ၆ လသားကလေးငယ်ကို ကယ်ဆယ် (ရုပ်သံ)

ထိုင်ဝမ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်က အင်အား ၆.၄ ပြင်းအားရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့ပြီး နာရီ ၃၀ အကြာမှာ ၆ လသားအရွယ် ကလေးငယ်တဦးကို လူနေတိုက်ခန်းအပြိုအပျက် တွေထဲက ဖေဖော်ဝါရီ ၇ ရက်နေ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲ့ဒါမတိုင်ခင်ကလည်း အတွဲလိုက်လူနေတိုက်ခန်းကြီး အပြိုအပျက်ထဲကလည်း အသက် ၂၀ လူငယ်တဦးကို  အရေး ပေါ်ကယ်ဆယ်ရေးတပ်ဖွဲ့တွေက အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲ့ဒီအတွဲလိုက်လူနေတိုက်ခန်းပြိုကျမှုမှာ နေထိုင်သူ ၁၂၀ လောက် ပျောက်ဆုံးနေပြီး သူတို့ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ရေး အပူတပြင်း ဆက်လက်ရှာဖွေနေကြပါတယ်။ လက်ရှိအချိန်အထိ သေဆုံးသူ ၂၆ ဦးရှိသွားပြီဖြစ်ပြီး အများစုဟာ အဲ့ဒီ Weiguan Jinlong  လူနေတိုက်ခန်းကြီးပြိုကျမှုမှာ သေဆုံးခဲ့ကြတာပါ။ အဲ့ဒီအဆောက်အဦးကြီး ပြိုကျခဲ့တာမှာ ဆောက်လုပ်မှုအပိုင်းမှာ အားနည်းချက်ရှိ၊ မရှိ ထိုင်ဝမ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။ လက်ရှိအချိန်အထိ အဆောက်အဦအပြိုအပျက်တွေထဲက လူ ၁၇၀ ကျော်ကို ကယ်ဆယ်ထားပါတယ်။ လူ ၅၀၀ လောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး တချို့ ဆေးရုံမှာတက်ရောက်ပြီး ဆေးကုသမှုခံယူကြရပါတယ်။ ခေတ်မီအသက်ကယ်ဆယ်ရေးပစ္စည်းတွေ၊ အနံ့ခံခွေးတွေနဲ့ အရေးပေါ်ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်ရာနဲ့ချီပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up