Homeရုပျသံ
လန်ဒန်မြို့လယ်တွင် ဘတ်စ်စကားကိုဖောက်ခွဲ ရိုက်ကူးထားသည့် ဂျက်ကီချမ်း၏ စတန့်ရုပ်ရှင် (ရုပ်သံ)
လန်ဒန်မြို့လယ်တွင် ဘတ်စ်စကားကိုဖောက်ခွဲ ရိုက်ကူးထားသည့် ဂျက်ကီချမ်း၏ စတန့်ရုပ်ရှင် (ရုပ်သံ)
DVB
·
February 8, 2016
ဂျက်ကီချမ်း ရုပ်ရှင်ရဲ့ တစိတ်တပိုင်း ဇာတ်ဝင်ခန်းအနေနဲ့ လန်ဒန်မြို့လယ်မှာ ဘတ်စ်စကား တစီးကို ဖောက်ခွဲ ရိုက်ကူးခဲ့ပါတယ်။
မီးတောက်ေတွ ပေါ်ထွက်လာပြီး ကားက အပေါ်ကို မြောက်တက်သွားတဲ့ အတွက် တချို့ လန်ဒန်မှာ နေထိုင်သူတွေ အတွက် ရောထွေးမှုတွေ ဖြစ်သွားစေပါတယ်။
လန်ဒန်ဆိပ်ကမ်းအာဏာပိုင်တွေကတော့ ဒါဟာ စတန့် ပြကွက်တခု ဖြစ်ပြီး တံတားက ပိတ်ထား တယ်လို့ အတည်ပြု ခဲ့ပေမယ့် တချို့လူတွေ အတွက်တော့ အံအားသင့်စရာ ဖြစ်ခဲ့ပါတယ်။
လွှတ်တော်အမတ် နစ်ကေးဟတ်လက်စ်တန်က ပေါက်ကွဲမှုကို လူမှုရေးကွန်ရက် တွစ်တာမှာ တင်ခဲ့ပြီး ရုပ်ရှင်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့ ရေးပါတယ်။
တုံ့ပြန်သူတချို့ကတော့ လက်ရှိ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အံအားသင့်စရာ ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။
ဒီဇာတ်ဝင်ခန်းဟာ ပီယာဘရော့စနန်နဲ့ ဂျက်ကီချန်းတို့ တွဲဖက် ပါဝင် ရိုက်ကူးထားတဲ့ “The Foreigner” ဆိုတဲ့ ဇာတ်ကား ဇာတ်ဝင်ခန်းတခုလည်း ဖြစ်ပါတယ်။