Home
မြန်မာသတင်း
BRT-Lite ယာဉ်လိုင်း ရန်ကုန်မြို့တွင် စမ်းသပ်ပြေးဆွဲ
DVB
·
February 8, 2016
BRT-Lite ယာဉ်လိုင်းကို ရန်ကုန်မြို့မှာ ထောက်ကြန့်မြို့နယ် လှော်ကားဥယျာဉ်လမ်းဆုံမှာ လမ်းကြောင်း (၁) ကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စမ်းသပ်ပြေးဆွဲခဲ့ပါတယ်။ E - Ticke စနစ်နဲ့ ပြေးဆွဲတာ ဖြစ်ပြီး ပထမဆုံးယာဉ်အစီးရေ ၁၈ စီးနဲ့ လမ်းကြောင်း ၁ ဖြစ်တဲ့ ထောက်ကြန့်ကနေ ပြည်လမ်းအတိုင်း ဗိုလ်ချုပ်အောင်ဆန်း လမ်းကနေတဆင့် မြို့တွင်းကို စမ်းသပ်ပြေးဆွဲတာပါ။ အဲ့ဒီယာဉ်လိုင်းမှာမောင်းနှင်မယ့် ယာဉ်မောင်းသူတွေကို ယူနီဖောင်းအပြည့်အစုံပေးထားပြီး သတ်မှတ်ထားတဲ့ မှတ်တိုင်းတွေမှာ လူအတင်အချပြုလုပ်တာ၊ စည်းကမ်းတကျမောင်းနှင်တာနဲ့ ယာဉ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ သင်တန်းတွေကို တပတ်သင်ကြား ထားပေးပြီးဖြစ်ပါတယ်။ ယာဉ်စီးခကိုတော့ ၁၀၀၀ ကတ်၊ ၃၀၀၀ ကတ်ပြုလုပ်ပေးထားပြီး တခါစီးရင် ကျပ် ၃၀၀ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။ ယာဉ်လိုင်းဟာ မှတ်တိုင်တိုင်းမှာ ရပ်မှာ မဟုတ်ဘဲ သွားလိုတဲ့ ခရီးစဉ်ကို သိနိုင်ဖို့ မှတ်တိုင်းတိုင်းမှာ လမ်းညွှန် မြေပုံတွေကို လုပ်ပေးထားပါတယ်။ အခုလ ကုန်မှာလောက်မှာလည်း နောက်ထပ် ကားတွေရောက်ရှိလာပြီး လမ်းကြောင်း ၂ ကို အမြန်ဆုံး ပြေးဆွဲသွားလို့ ကုမ္ပဏီဖက်က စီစဉ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024