မယ်ဆိုင်ချစ်ကြည်ရေးတံတားတွင် မြန်မာနိုင်ငံသားတဦးထံမှ အိုက်စ်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
February 7, 2016
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်မှာ အိုက်စ် မူးယစ်ဆေးဝါး ၂ ကီလိုခွဲ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားတဦးကို ထိုင်းအကောက်အခွန် ဦးစီးဌာန တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က ထိုင်းစစ်ဆေးရေးဂိတ်မှာ မသင်္ကာလို့ သူနဲ့အတူပါလာတဲ့ အိတ်တွေကို စစ်ဆေးရာကနေ အခုလို မူးယစ်ဆေးဝါးတွေကို တွေ့ခဲ့တာလို့ ဖေဖော်ဝါရီ ၇ ရက်နေ့ ထိုင်းမန်နေဂျာသတင်းမှာ ဖော်ပြထားပါတယ်။
ဒီမူးယစ်ဆေးတွေကို ဘန်ကောက်အထိ သယ်ဆောင်သွားဖို့ ဖြစ်တယ်လို့ အဖမ်းခံရသူက ထိုင်းအာဏာပိုင်တွေကို ထွက်ဆိုခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေကတော့ မူးယစ်ဆေးသယ်လာတဲ့ အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသားကို ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးတွေ လက်ဝယ်တွေ့ရှိမှုအပြင် တခြားသော အမှုတွေနဲ့ ထိုင်း ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။