Home
မြန်မာသတင်း
ဆင်ထိန်း စောဝင်းသန်းကို တာဝန်ပျက်ကွက်မှုဖြင့် ထိုင်းအာဏာပိုင်များ စွဲချက်တင်
DVB
·
February 7, 2016
ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီမြို့မှာ ဆင်ထိန်းနေတဲ့ မြန်မာနိုင်ငံသား စောဝင်းသန်းကို တာဝန်ပျက်ကွက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက စွဲချက်တင်ထားပါတယ်။ အခုလဆန်း ၁ ရက်နေ့က ကော့စမွီမြို့နယ် ဘေးမဲ့တရိစ္ဆာန် ဥယျာဉ်ထဲမှာ စကော့တလန် နိုင်ငံသားတဦး ဆင်တိုက်ခိုက်ခံရပြီး သေဆုံးသွားတာကြောင့် တာဝန်ပျက်ကွက်မှုနဲ့ အခုလ ၄ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက စွဲချက်တင်လိုက်တယ်လို့ ထိုင်းရတ်သတင်းမှာ ရေးထားပါတယ်။ ထိုင်းအာဏာပိုင်တွေ စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူ နိုင်ငံခြားသားက ဆင်တောင်းစားတဲ့ ငှက်ပျော်သီးကို ကျွေးလိုက် ပြန်ယူလိုက် စနောက်ရာကနေ ဆင်က ဒေါသထွက်ပြီး တိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသွားတာ ဖြစ်တယ်။ အဲဒီအချိန်မှာ ဆင်ထိန်း စောဝင်းသန်းက ဒေါသထွက်နေတဲ့ ဆင်ကို သေဆုံးနိုင်ငံခြားသားက အကူညီတောင်းလို့ ဓာတ်ပုံရိုက်ပေးနေတဲ့အတွက် ဆင်ကို ထိန်းဖို့ ပျက်ကွက်ခဲ့တယ်လို့  ဆိုပါတယ်။ အဲဒီ အခင်းဖြစ်ပွားတဲ့နေ့က သေဆုံးသူရဲ့ သမီးဖြစ်သူ ဒဏ်ရာအနည်းငယ် ရခဲ့သလို့ ဆင်ထိန်း စောဝင်းသန်းလည်း ဒဏ်ရာရခဲ့ပါတယ်။ နောက်နောင် အလားတူ ပြဿနာမျိုးမဖြစ်အောင် အဲဒီဒေသမှာ ဖွင့်ထားတဲ့ ဆင်စခန်း ၅ နေရာက တာဝန်ရှိသူတွေကို ကော့မွီမြို့နယ် အုပ်ချုပ်ရေးမှူး ဖလိုင်းဘွန် အိုမာက ခေါ်တွေ့ခဲ့ပါတယ်။ ဖလိုင်းဘွန် အိုမာက ဆက်ပြီးတော့ ဆင်ထိန်းတွေအနေနဲ့ ခရီးသွားဧည့်သည်တွေ ဆင်ရဲ့ကိုယ်ပေါ်မှာ ရှိနေတဲ့အချိန် အောက်ကို မဆင်းဖို့ သတိပေးပြောကြားပြီး မလိုက်နာပါက ခွင့်ပြုထားတဲ့ လိုင်စင်တွေကို ပြန်ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024