ထိပ်ဆုံးနှစ်သင်းအားပြိုင်ပွဲ၊ မန်စီးတီး ၁-၃ လက်စတာ (ရုပ်သံဟိုက်လိုက်)

ဖေဖော်ဝါရီ ၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အစောဆုံး ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်စတာ စီးတီးအသင်းက မန်စီးတီးကို ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရ သွားပါတယ်။ အမှတ်ပေး ဇယားထိပ်မှာ ဦးဆောင်နေတဲ့ ၂ သင်းဆုံတာ ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ လက်စတာအတွက် ဦးဆောင်ဂိုးကို ပွဲအစ ၃ မိနစ်မှာ နောက်ခံလူး ဟူ့ခ်ျက တဖက်နောက်တန်းသမားတွေ ကြားထဲကနေ သွင်းယူပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် တဖက်နောက်တန်းကို ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းတော့ မရှိပါဘူး။ လက်စတာအသင်းက ကစားရှိန်တင်ပြီး တန်ပြန်တိုက်စစ်တွေကနေ မန်စီးတီးကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ လက်စတာအတွက် ဒုတိယဂိုးကို ၄၈ မိနစ်မှာ မိနစ်မှာ တဖက်နောက်တန်းရဲ့ အမှားကနေ သွင်းယူပါတယ်။ ဒီပွဲမှာ မန်စီးတီး တိုက်စစ်မှူးတွေ ဖြစ်တဲ့ စတာလင်နဲ့ အဂူရိုတို့ကို တဖက်နောက်တန်းက တားဆီးနိုင်ခဲ့ပါတယ်။ လက်စတာအတွက် တတိယဂိုးကို မိနစ် ၆၀ မှာ နောက်တန်းသမား ဟူ့ခ်ျက သွင်းယူပါတယ်။ ဒီပွဲမှာ ဟူ့ခ်ျ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အိမ်ရှင် မန်စီးတီးအတွက် ချေပဂိုး ၁ ဂိုးကို ၈၇ မိနစ်မှာ တိုက်စစ်မှူး အဂူရိုက သွင်းယူပြီး အရှုံးပေးလိုက်ရပါတယ်။ ဒီပွဲနိုင်လို့ လက်စတာ စီးတီးက ၅၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက မန်စီးတီးကို ၆ မှတ် ဖြတ်ထားနိုင်လိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up