Home
မြန်မာသတင်း
နေပြည်​တော်တရား​ဝင်​ကျောက် သိမ်း​ဆည်း
အေးနိုင်
·
July 29, 2011
ရှမ်း​ပြည်နယ် လား​ရှိုး​နဲ့​ မူဆယ်အကြား​ သိန္နီနယ်ထဲက ​ရေပူစမ်း​ဂိတ်က အဖွဲ့​စုံက လွန်ခဲ့​တဲ့​ သီတင်း​ပတ်အတွင်း​ ရှာ​ဖွေစစ်​ဆေး​ရာမှာ ​တွေ့​ရှိတဲ့​ ​ကျောက် သိန်း​တ​ထောင်​ကျော်ဖိုး​လောက်ကို တရား​မဝင်​ကျောက်​တွေအဖြစ် သိမ်း​ဆည်း​လိုက်ပါတယ်။ ဇွန်လက ​နေပြည်​တော် ​ကျောက်မျက်​လေလံပွဲမှာ ​လောပန်း​တဦး​က ​လေလံဆွဲလာပြီး​ ပြန်​ရောင်း​တဲ့​ကျောက်​တွေကို သယ်လာတဲ့​ကား​ဟာ ​ရေပူစမ်း​ဂိတ်မှာ လဝက၊​ အ​ကောက်ခွန်၊​ ရဲစတဲ့​အဖွဲ့​စုံက တား​ပြီး​ လက်နက်စစ်​ဆေး​ပါတယ်။ အဲဒီ​နောက် လက်နက်ရှာရင်း​နဲ့​ ​ကျောက်ကုန်သည် ဆယ်ဦး​ခန့်​ သယ်​ဆောင်လာတဲ့​ ​ကျောက်​တွေကို ​တွေ့​ပြီး​ တရား​မဝင်ပစ္စည်း​အဖြစ် သိမ်း​ဆည်း​ခဲ့​တာလို့​ သိန်း​သုံး​ဆယ်ဖိုး​လောက်ပါသွား​တဲ့​ ​ကျောက်ကုန်သည်အမျိုး​သမီး​တဦး​က ​ပြောပါတယ်။ “လက်နက်ရှာတယ်လို့​တော့​ ​ပြောတာ​ပေါ့​နော်။ လက်နက်မ​တွေ့​လို့​ ဒီ​ကျောက်ကို ​တွေ့​တော့​ကျ​တော့​လည်း​ ​ကျောက်ကို မ​ပေး​ဘူး​ ပြန်သိမ်း​ပြစ်တယ်။ ရမယ်တဲ့​ လိုက်ခဲ့​ပါဆို​တော့​ ကျမတို့​ အကုန်လုံး​ ကိုယ်စား​လှယ်​တွေနဲ့​ လိုက်သွာတဲ့​ အခါကျ​တော့​လေ မရ​တော့​ဘူး​တဲ့​ လွန်သွား​ပြီတဲ့​ အဲဒီလို ​ပြောပါတယ်။ တရား​မဝင် သိမ်း​လိုက်တယ်လို့​ပဲ ​ပြောတာပါ။ အိပိုလီယံ နံပါတ်​တွေ ဘာ​တွေ အကုန်ပါပါတယ်။ တချို့​ဟာ​လေး​တွေကျ ပုံ​ပြောင်း​လိုက်တာပဲ ရှိပါတယ်။ သူတို့​ လွှတ်ချင်ရင်လည်း​ လွှတ်တာပဲ။ သူတို့​ မလွှတ်ချင်ရင်လည်း​ သိမ်း​တယ်ဆိုပြီး​ သိမ်း​တာ။ အခုဟာက ​ကျောက်သိမ်း​မယ်ဆိုပြီး​ ရှာတာမဟုတ်ဘူး​ လက်နက်ပါတယ်ဆိုပြီး​ ရှာပြီး​တော့​ ဒီ​ကျောက်ကို ပြန်မ​ပေး​တာ။ သူတို့​က​ပေါ့​ အထက်ကို တင်ရတယ်​ပေါ့​လေ အဲဒါ​ကြောင့်​မို့​လို့​တဲ့​ မရနိုင်​တော့​ဘူး​တဲ့​။ ကျမတို့​က မကြုံဖူး​ဘူး​လေ ဒါ ပထမဆုံး​ ကြုံဖူး​တာ။” ဆယ်ဦး​စပ်ကား​နဲ့​ ထည့်​ပေး​လိုက်တဲ့​ ဒီ​ကျောက်​တွေဟာ သိန်း​တ​ထောင်ဝန်း​ကျင်​လောက် ဆုံး​ရှုံး​သွား​တယ်လို့​ ​ပြောပါတယ်။ ဒီ​ကျောက်ကုန်သည်ရဲ့​ ​ပြောကြား​ချက်နဲ့​ပတ်သက်လို့​ သိမ်း​ဆည်း​တဲ့​ သက်ဆိုင်ရာ အဖွဲ့​အစည်း​ကို ​မေး​မြန်း​ဖို့​ ကြိုး​စား​ပေမယ့်​ မရ​သေး​ပါဘူး​။ သူတို့​ကျောက်​တွေမှာ ​နေပြည်​တော် ​ကျောက်မျက်ပွဲတင်တဲ့​ ​လေလံနံပါတ်​တွေပါ ပါလျက်သား​နဲ့​ သိမ်း​ဆည်း​သွား​တာလို့​ ဆိုပါတယ်။ အစိုး​ရထံက​နေ တရား​ဝင်ဝယ်ယူထား​တဲ့​ကျောက်ကို သိမ်း​ဆည်း​လိုက်တဲ့​အ တွက် ​ကျောက်ကုန်သည်​တွေ အရင်း​ပြုတ်ကုန်တယ်လို့​ သူက ​ပြောပါတယ်။ “ကျမတို့​ကလည်း​ ဒီ အီပိုလီယံ ​ကျောက်မှာ ရိုက်ထား​တဲ့​ တံဆိပ်​တွေ ဘာ​တွေ ပါတယ်ဆို​တော့​ ကျမတို့​သိမ်း​စရာ မလိုဘူး​လို့​ ကျမတို့​က ထင်တယ်​လေ။ ​နေပြည်​တော်က​နေပြီး​တော့​ အစိုး​ရက​နေ ပြန်​ရောင်း​လိုက်တယ် ကျမတို့​က တဆင့်​ ​ကျောက်​လောပန်း​ကြီး​တွေဆီက​နေ ပြန်ဝယ်ပြီး​မှ တဆင့်​ခံ​လေး​တွေ လုပ်ကြတယ် ဆို​တော့​လေ ဒီလိုမျိုး​ သိမ်း​လိုက်တယ် ဆို​တော့​ ​နောက်ဆိုရင်လည်း​ ကျမတို့​ ဝယ်ပြီး​ ဒီလိုလုပ်မယ်​ဟေ့​ဆိုရင် တရား​ဝင် ခွင့်​ပြုထား​တဲ့​ ​ကျောက်ကို ဒီလိုမျိုး​သိမ်း​မယ်​ဟေ့​ ဆိုရင် ကျမတို့​မှာ ​နောက်ထပ် အရင်း​အနှီး​ရှာဖို့​ရာ မလွယ်ပါဘူး​။ ကျမတို့​အခု ​လေး​ငါး​ ဆယ်ဦး​ဆိုတာ ​ငွေပိုင်လည်း​ ပါပါတယ် ​ငွေငှား​တွေလည်း​ ပါပါတယ်။” ဒီနှစ် နှစ်ဆန်း​ပိုင်း​က ​နေပြည်​တော်မှာ ​ကျောက်မျက်ပြပွဲကျင်း​ပရာ အ​မေရိကန်​ဒေါ်လာ သန်း​ပေါင်း​ ၂၈၀၀ ဖိုး​လောက် ​ရောင်း​ချရပြီး​ ဇွန်လဆန်း​က လုပ်တဲ့​ ​ကျောက်​လေလံပြပွဲမှာ အ​မေရိကန်​ဒေါ်လာသန်း​ပေါင်း​ ၁၅၀၀ ဖိုး​လောက် ​ရောင်း​ချရခဲ့​ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024