Home
မြန်မာသတင်း
စိတ်ကြွဆေးပြား ၁ သန်းကျော်နှင့် အခါတိုင်းရင်းသား ၃ ဦးကို ထိုင်းရဲဖမ်းဆီး
DVB
·
February 6, 2016
ထိုင်းနိုင်ငံ မဲ့ကျန်မြို့နယ်ထဲမှာ အခါတိုင်းရင်းသား ၃ ဦးကို ရာဘ စိတ်ကြွဆေးပြား ၁ သန်းကျော်နဲ့အတူ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့က မဲ့ကျန်မြို့နယ် ကုန်တိုက်တခုရဲ့ ကားရပ်တဲ့နေရာတခုမှာ ထိုင်းရဲတွေက မူးယစ်ဆေးဝါးဝယ်သူအနေနဲ့ ဟန်ဆောင်ချိန်းဆိုပြီး မူးယစ်ဆေးဝါးတွေ လာပေးတဲ့အချိန်မှာ ဖမ်းဆီးခဲ့တာလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ အဖမ်းခံရတဲ့သူတွေဟာ မဲ့ကျန်မြို့နယ်မှာ နေထိုင်တဲ့ အခါတိုင်းရင်းသားတွေဖြစ်ပြီး အသက် ၁၆ နှစ်၊ ၁၈ နှစ်နဲ့ ၂၀ အရွယ် ဖြစ်ကြပါတယ်။ မူးယစ်ဆေးဝါးတွေကို ပို့ဆောင်ခရလို့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာတဦးဆီကနေ ယူပြီးတော့ လာပို့ပေးတာ ဖြစ်ကြောင်း အဖမ်းခံရသူတွေက ရဲစခန်းမှာ ထွက်ဆိုခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ အခါတိုင်းရင်းသား ၃ ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ မဲ့ကျန်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024